Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး

Start from the beginning
                                    

"ဒါဆိုငါနဲ့လိုက်ခဲ့"

သူ့ဆရာကတဖက်လှည့်သွားပြီး အပေါ်ထပ်သို့တက်သွားသည်။ "ရေခဲရေကအဆိပ်ကို မပျယ်စေနိုင်ဘူး အကျိုးသက်ရောက်မှုကို နှေးပဲ‌နှေးစေနိုင်တာ မင်းအဆိပ်ဖြေဆေးသောက်ဖို့လိုမယ်"

ကောင်လေးခမျာ သူ့နောက်မှ စိတ်ရှုပ်ရှုပ်နှင့်လိုက်လာနေသည်။ သို့သော် ကျိနင်းကတော့ ရွေးချယ်စရာတွေမပေါ်လာခင် မြန်မြန်ပဲအဆိပ်ကိုတားလိုက်နိုင်တဲ့အတွက် ဝမ်းသာမိသည်။ အဲ့လိုအခြေအနေမျိုးမှာ ဘယ်လိုရွေးချယ်စရာတွေပေါ်လာမလဲဆိုတာ စိတ်တောင်မကူးရဲပေ။

ကောင်လေးကိုဆေးရည်တွေထားသည့်အခန်းသို့ ဦးဆောင်လာခဲ့သည်။ ဒီနေရာမှာဆေးတွေအများကြီးရှိတာကြောင့် ကဝေမရဲ့အဆိပ်အတွက် ဖြေဆေးရှိမှာသေချာသည်။

သို့သော်ထူးဆန်းတာက တစ်ခန်းလုံးကို နှစ်ခါတောင်ရှာကြည့်ပေမဲ့ အဆိပ်ဖြေဆေးကိုတွေ့ပေ။ သတ္တဝါမျိုးစုံအတွက် အဆပ်ဖြေဆေးမျိုးစုံရှိနေပေမဲ့ သူလိုနေသည့်ဟာတစ်ခုပဲပျောက်နေသည်။

တိုက်ဆိုင်တာမဟုတ်နိုင်ပေ။ ကြိုတင်စီစဥ်ထားတာပဲဖြစ်မယ်။

ကျိနင်းငြိမ်ပြီးစဥ်းစားနေစဥ်မှာပဲ ကျောဘက်မှအပူငွေ့ကိုခံစားမိလိုက်တာကြောင့် တုန်ယင်သွားသည်။

"ဆရာ..."

ကောင်လေးကအဆိပ်ပြန်တက်လာပုံရသည်။ သူ့လက်တွေကအေးစက်နေပေမဲ့ ကိုယ်လုံးကတော့ပူကျစ်နေသည်။ သူ့မျက်နှာနဲ့ ကျိနင်းကျောကုန်းကိုပွတ်တိုက်နေပြီး ခါးကိုလည်းတင်းကြပ်စွာဖက်ထားသည်။ နူးညံ့သည့်အသံလေးဖြင့် ခပ်တိုးတိုးပြောလာသည် "ကျွန်တော့်အထင်..."

ဝုန်း

နောက်ထပ်ရေတွေလောင်းချခံလိုက်ရပြန်သည်။

မှော်နက်ပညာရှင်ဟာ သူ့တပည့်လေးပြန်နိုးလာဖို့ ဆေးရည်အခန်းရှုပ်ပွသွားမှာကိုတောင် မတုံ့ဆုတ်ခဲ့ပေ။

"စိတ်မပူနဲ့ မင်းအတွက်အဆိပ်ဖြေဆေးပြင်ပေးမယ်"

ကျိနင်းသူ့မျက်နှာပေါ်က စိတ်ထိခိုက်နေမှုကိုလျစ်လျူရှုလိုက်ပြီး တပည့်လေး၏ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now