ခဏတွင်းပင် တက္ကစီသည်ဆေးရုံ၏ပါကင်ဆီရောက်လာခဲ့သည်။မိမိသည်ရှောင်ရှင်းပတ်လည်တွင်စုဝေးနေသောဆရာဝန်နှင့်သူနာပြုအုပ်စုတစ်စုအားမြင်လိုက်ရပြီး သူတို့သည်သူ၏ကုတင်အားဆေးရုံတွင်းသို့တွန်းသွားကြသည်။သက်လတ်ပိုင်းအမျိုးသမီးသည်နောက်မှနေစိုးရိမ်တကြီးပြေးလိုက်သွားသည်။မိမိလည်းသူတို့နောက်မှပြေးလိုက်သွားသည်။မိမိတို့သည်အရေးပေါ်ခန်းအပြင်ဘက်၌စိုးရိမ်တကြီးစောင့်နေကြ‌သည်။

သက်လတ်ပိုင်းအမျိုးသမီးသည်တရှုံ့ရှုံ့ငိုကြွေးနေပြီး တစ်ချိန်တည်းမှာပင်ဖုန်းခေါ်နေသည်။သူမသည်ငိုကြွေးနေ၍သူမအသံမှာ အက်ရှကာတုန်ယင်နေသည်။

"ရှောင်ရှင်း။ရှောင်ရှင်းကအရေးပေါ်ခန်းထဲထပ်ရောက်နေပြီ။ကျွန်မကြောက်တယ်...ကျွန်မကြောက်တယ်..."

သူမမှာအထိန်းအကွပ်မဲ့စွာ ငိုချမိလိုက်သောကြောင့် စကားအားပြီးအောင်မပြောလိုက်နိုင်ခဲ့ပေ။

မိမိသည်သူမအားနှစ်သိမ့်ရန်သွားလိုက်ချင်သော်ငြား ထိုသည်ကသင့်‌ေလျာ်သည့်ပုံမရပေ။ထို့ကြောင့်မိမိသည်သူမငိုကြွေးနေသည်အားကြည့်နေရင်း မတ်တပ်ရပ်နေရုံသာတတ်နိုင်လေသည်။

အချိန်တစ်ခုကြာပြီးသည့်တိုင် ရှောင်ရှင်းမှာထွက်မလာသေးပေ။ထိုသည်မှာ‌ေကာင်းသောလက္ခဏာတစ်ခုမဟုတ်ပါချေ။အချိန်သည်တစ်မိနစ်ပြီးတစ်မိနစ်ဆက်လက်ကုန်ဆုံးနေပြီး ရှောင်ရှင်းမှာအရေးပေါ်ခန်းတွင်းရှိနေဆဲပင်။

*ဒေါက် ဒေါက်*

ထို့နောက်မိမိတို့ထံချဥ်းကပ်လာသည့် ဒေါက်ဖိနပ်သံကိုကြားလိုက်ရသည်။အနက်ရောင်ဒေါက်မြင့်၏ပိုင်ရှင်မှာ သူမတစ်မျက်နှာလုံးပေါ်တွင်စိုးရိမ်သည်ဟုရေးထား‌ေသာ အမျိုးသမီးတစ်ဦးဖြစ်သည့်ရှောင်ရှင်း၏ပေ့ကျဲပင်။

"ရှောင်ရှင်းဘယ်လိုနေလဲ"

ရှုဝေ့ရှန်အတုသည် မိမိအားကျော်သွားကာ ဝမ်းနည်းမှုကြောင့်ပြိုလဲကျနေသလိုဖြစ်နေသည့်သက်လတ်ပိုင်းအမျိုးသမီးထံပြေးသွားလိုက်သည်။သူမသည်ရှောင်ရှင်းပေါ်တွင်သာ လုံးလုံးအာရုံစိုက်ထား၍မိမိအားသတိမပြုမိပါချေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now