ရှုဝေ့ရှန်သည်သူမ‌ေခါင်းအားတုံ့ဆိုင်းစွာငြိမ့်လိုက်သည်။သူမသည်သရဲတစ်ကောင်ဖြစ်နေသော်ငြား မိမိမှာသူမ၏ကျုံ့နေသောမျက်ခုံးများနှင့်မဲ့ကျနေသောပါးစပ်ကိုမြင်နေရသည်။မိမိအတွေးလွန်နေသည်လားကိုမသေချာသော်ငြား သူမသည်ယနေ့၌ထူးထူးဆန်းဆန်းပြုမူနေသည်ဟု ခံစားနေရသည်။သူမကငါ့ကိုမယုံလို့များလား။

  နောက်နေ့တွင် မိမိမှာစုယန်မနိုးလာခင်ထွက်လာလိုက်ပြီး ရှုဝေ့ရှန်အတု၏အိမ်ဆီတက္ကစီဖြင့်သွားလိုက်သည်။မိမိသည်မနက်စာပေါင်မုန့်အားမျိုချရင်း သူမအဆောက်အအုံအောက်တွင်စောင့်နေလိုက်သည်။အစီအစဉ်ကတော့ သူတို့ကိုယ်တိုင်ဖော်ထုတ်လာမည့်အရာတို့ကိုစိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းရန်သာဖြစ်သည်။သူမမှာအပြင်ထွက်လာလိမ့်မည်ဟု မိမိသေချာလေသည်။သူမတံခါးမှထွက်လာသည်နှင့် မိမိမှာသူမနောက်ကိုနောက်ယောင်ခံလိုက်မည်ဖြစ်သည်။မိမိမှာသူမနောက်လိုက်နေသ၍ ထူးခြားမှုတစ်ခုခု ဒါမှမဟုတ် သံသယဖြစ်ဖွယ်တစ်ခုခုအား ရှာတွေ့မိလိုက်နိုင်မည်မှာသေချာလေသည်။

  ဥပမာဆိုရလျှင် ယခုရှုဝေ့ရှန်သည် စိတ်ဆင်းရဲပြီးငိုကြွေးနေပုံရသည့်မိန်းမတစ်ဦးနှင့်စကားပြောနေလေသည်။ဒါနဲ့ပတ်သက်ပြီးညှီနံ့တစ်ခုခုရနေတယ်။သူတို့သည်ပန်းခြံရှိခုံတန်းရှည်ပေါ်ထိုင်ရင်းစကားပြောနေကြပြီး မိမိမှာရေခဲမုန့်လှည်း၏နောက်မှနေ သူတို့အားစောင့်ကြည့်နေသည်။ကံဆိုးသည်မှာ မိမိသည်ရွေ့နေသောလှည်းနောက်မှလိုက်နေရသည်။မိမိတို့ကြားအကွာအဝေးမှာဝေးသထက်ဝေးလာတော့သည်။

  မိမိသည် မိမိ‌အပေါ်ရှိပိုင်ရှင်အားကြည့်လိုက်ပြီး ရေခဲမုန့်လှည်းအားသွားနေသည်ကိုတားရန်ကြိုးစားလိုက်သည်။

  "ရှင်ဒီမှာခဏလေးနေပေးလို့ရမလား။ခဏလေးပါပဲ"

  "အရူးမ"

  မိန်းမကြီးသည် မိမိထံသူမမျက်လုံးများအား အကြင်နာမဲ့စွာလှိမ့်ပြလာပြီး ရေခဲမုန့်လှည်းအားရှေ့သို့ဆက်တွန်းလိုက်သည်။

  "ကျေးဇူးပြုပြီးနော်"

  မိမိသည်အသနားခံလိုက်ပြီး သူမထံ20rmbအားပေးလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now