Bloody Love part- 62🖤

Start from the beginning
                                    

"အိမ် အိမ်ပြန်ကြရအောင်။ မင်းတို့နဲ့ နောက်မှရှင်းမယ်"

"အယ် မာမီ စောင့်အုံးလေ။ ကိုကြီး သွားဉီးမယ်နော်"

ကိုကြီးတို့ကို နှုတ်ဆက်ကာ ရိုင်ထိုးရိုင်ထိုးနဲ့ အခန်းထဲမှ ထွက်သွားသော မာမီရဲ့နောက်ကို အနောင်ပြေးလိုက်သွားရသည်။

"ကိုကြီး ညီမတို့နောက်မလာမယ်နော်"

မင်းနွယ်ခေါင်းကိုသာ ငြိမ့်ပြလိုက်ရတော့သည်။ ဝင့်ထည်က ဖူးရဲ့ခန္ဓာကိုယ်လေးကို တွဲကာ အခန်းထဲကနေထွက်သွားကြပြန်သည်။

"တကယ်ကို ဘာဖြစ်ကြတာလဲကွာ"

"အဲ့တာ ကိုကို့ကြောင့်"

"ဟမ် ကိုကို့ကြောင့်?"

"ဟုတ်တယ် ကျနော်က ရှင်းပြမလို့ အစချီကာ ရှိသေး ကိုကိုက ရှေ့ကနေပိတ်တော့ အခုလိုဖြစ်ကုန်တာ"

"ကိုယ်လဲ ရှင်းပြမလို့ပါဘဲ"

"ထားလိုက်ဗျာ။ ကလျာ တော်တော်လန့်သွားလောက်တယ်ဗျ။ ဖူးဆိုလဲကြည့် သတိလစ်သွားတာက သက်သေဘဲ။ ကိုကို အခုကိစ္စမှာ ကျနော်ဘဲ စီစဉ်မယ်။ ဒါကြောင့် ကိုကိုအငြိမ်နေ။"

"ဒါပေမယ့်"

"ကိုကို။ ကလျာတအားပင်ပန်းနေတယ် ကိုကိုရ။ အခုချိန် သွားပြီးဖိအားပေးရင် ၂ဉီး၂ဖက်လုံး ကောင်းကြိုးရှိလာမှာမဟုတ်ဘူး။ ကိုကို ဆေးရုံတင်နေရတဲ့အတောအတွင်း ကလျာက ကိုကို့ Companyရော ဂိုဏ်းကိုရော ဉီးစီးရတာ။ ကြားထဲ ပြိုင်ဖက်တွေကို ခြေဖျက်ရတာနဲ့ တော်တော်ကို ပင်ပန်းနေပြီ။ တော်တော်လေးလဲ ပိန်သွားတယ်ဗျ။ အဲ့တာကြောင့် အခုတော့ ဖိအားမပေးပါနဲ့အုံး။ အချိန်တွေ အများကြီးရှိသေးတယ်"

မင်းခရဲ့စကားကြောင့် ပြန်စဉ်းစားကြည့်မှ ဝင်လာကထဲက နဂိုကထက် ဖြူဖျော့နေတဲ့မျက်နှာနှင့် ချောင်ကျသွားသော မျက်နှာကို မင်းနွယ်ပြန်သတိထားမိသည်။

"အင်း ကိုယ်အရမ်းလောသွားတယ်"

"စိတ်မပူပါနဲ့ အဆင်ပြေသွားပါလိမ့်မယ်"

ကိုကို့ကို ဖက်ကာ မင်းခပြောလိုက်သည်။

တစ်ဖက်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now