Chapter 8

648 74 3
                                    

[Unicode]

အပြင်ဘက် ကော်ရစ်ဒါမှ ခြေသံများ ထွက်ပေါ်လာသည်။

သက်လတ်ပိုင်း လူတစ်ယောက်၏ အသံကို ကျီးရန် ကြားလိုက်ရသည် " ဘာလို့ ယင်းယင်း ပြန်မလာသေးဘဲ ကြာနေရတာလဲ... သွားကြည့်ချည်"

ယုကျောက် စိတ်တိုလာရသည် " ဒါက မိန်းကလေး သန့်စင်ခန်းကြီးလေ...ဘယ်သူက အဲ့ထဲကို သွားရမှာလဲ..."

ကျီးရန်က ခြေနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူတို့နှင့် ဝေးသွားအောင် လုပ်လိုက်သည်။ သူ့လက်များကို နှုတ်ခမ်းပေါ်တင်ကာ တိုးတိုးနေရန် အမူအရာပြလိုက်သည်။ သူမက စကားတောင် မပြောနိုင်ဘူးလေ...

ခြေသံများက နီးကပ်လာလေသည်။

ကျီးရန် နက်တိုင်ကြိုးကို ဖြည်လိုက်ပြီး ဖွင့်ထားသော ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်ကာ ခုန်ဆင်းသွားလိုက်သည်။

ချီယင်း စိတ်ထဲတွင် အော်လိုက်မိပြီး ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်ကာ ငုံ့ကြည့်လိုက်သည်။ ဒုတိယထပ်၏အမြင့်မှ ကျီးရန်က မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်သွားသည်။ ထို့နောက် သူ ထရပ်လိုက်ပြီး လက်များကို ခါလိုက်ကာ တောင်တက်ဆိုင်ကယ် ရပ်ထားသော နေရာသို့ ခြေလှမ်းကျဲကျဲများဖြင့် လျှောက်သွားလိုက်သည်။

ဆိုင်ကယ်သံက တဖြေးဖြေး မြင့်တက်လာပြီးနောက် လေထုထဲတွင် အငွေ့အသက်များ ကျန်ခဲ့ကာ သူ့မအမြင်မှ ပျောက်ကွယ်သွားတော့သည်။

သူမနောက်ဘက်မှ ယုကျောက်က ချောင်းဝင်လာပြီး ကြည့်လိုက်သောအခါ ချီယင်း သန့်စင်ခန်းထဲတွင် ရပ်နေသည်ကို တွေလိုက်ရချိန်မှသာ စိတ်သက်သာရာ ရသွားတော့သည်။ သူက အမျိုးသမီး သန့်စင်ခန်း၏ တံခါးကို ကြည့်လိုက်ပြီးနောက် ယုချန်ကို ပြန်သတင်းပို့လိုက်သည် "အစ်မ အဆင်ပြေတယ် ပြတင်းပေါက်ကနေ ရှုခင်းကြည့်နေတယ်"

သူလည်း ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ ဘာကိုမျှ မတွေ့ရသော်လည်း လေထုထဲတွင် မပျောက်ကွယ်သေးသော် အင်ဂျင်မှ ထွက်သည့် မီးခိုးငွေ့များကို တွေ့သောအခါ သူ့အမူအရာက စိတ်ဓါတ်ကျသလို ဖြစ်သွားပြီး ချီယင်းကို ဆွဲခေါ်သွားတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

သူဌေးကြီးရဲ့ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း [MM Translation]Where stories live. Discover now