Description

4.3K 119 2
                                    

[Unicode]

ချီယင်း၏ အတိတ်ဘဝတွင် စစ်သူကြီးက သူမကို ဓါးပြများ၏ ဂူထဲမှ ကယ်တင်ခဲ့ပြီး နောက်ပိုင်းတွင် သူမက စစ်သူကြီး၏ ကိုယ်လုပ်တော် ဖြစ်လာခဲ့လေသည်။ စစ်သူကြီးက တိုက်ပွဲတွင် တစ်ခါမျှ မရှုံးဖူးပေ။ သူ့ကို ချီးကျူး မြှောက်ပင့်နေကြသော ချီးကျူးသံစဥ်များက နေရာတကာ ပျံလွင့်နေသည်။ သို့သော်လည်း အဆုံးတွင် စစ်သူကြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး စစ်မြေပြင်တွင် သေဆုံးသွားခဲ့သည်။ စစ်သူကြီး သေဆုံးသည့် သတင်းကို ကြားသောအခါ ရွှယ်လင်က တုံ့ဆိုင်းမနေဘဲ ဆွဲကြိုးချကာ သတ်သေခဲ့သည်။ ထို့နောက် သူမ နိုးလာသောအခါ သူမက ဆယ့်ခုနှစ်နှစ်အရွယ် စွန့်အ နားမကြား မိန်းကလေး ချီယင်း အဖြစ် ကူးပြောင်းလာသည်ကို သိလိုက်ရသည်။

မိန်းမငယ်လေးက မည်သည့် အသံကိုမျှ မကြားနိုင်သလို စကားလည်း မပြောနိုင်ပေ။ သို့သော်လည်း သူမ၏ မျက်ဝန်းများကမူ အဖြူရောင် လရောင်လေးကဲ့သို့ သန့်စင်နေသည်။ သူမ၏ ပင်ကိုစရိုက်ကလည်း အပူအပင်မရှိဘဲ ပေါ့ပေါ့ပါပါးပင်။ တစ်နေ့တော့ သူမက အေးစက်စက်နိုင်ပြီး တစ်သီးတစ်ခြားနေတတ်ကာ လူတိုင်း သတိထား ကြောက်ရွံ့ရသော လူငယ်လေးတစ်ယောက်နှင့် တွေ့လိုက်ရသည်။ ထိုလူငယ်လေးက အတိတ်ဘဝမှ သူမ၏ စစ်သူကြီးပင်။

ကျီးရန် အပေါ် လူတိုင်း၏ အမြင် :

ကြောက်ဖို့ ကောင်းလောက်အောင် စိတ်ဆတ်တယ်... အရမ်းလည်း ချမ်းသာတယ်... သူ့ရှေ့ ဖြတ်မလျှောက်တာ အကောင်းဆုံးပဲ ...

ကျီးရန် အပေါ် ချီယင်း၏ အမြင် :

စစ်သူကြီးက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း မကောင်းမှု ကျူးလွန်သူတွေကို အပြစ်ပေးတာ... စစ်သူကြီးက ဆင်းရဲတဲ့ပြည်လူတွေကို ကျွေးမွေးဖို့ လူချမ်းသာတွေကို ဓါးပြတိုက်တာ... စစ်သူကြီးက အတော်ဆုံး အံ့အားသင့်ဖို့ အကောင်းဆုံးပဲ...

ကျီးရန် ချီယင်းကို နံရံပေါ်တွင် ဖိထားလိုက်သည်။

ကျီးရန် : " အိုး ယောင်္ကျားတစ်ယောက်က မိန်းကလေး တစ်ယောက်ကို နံရံမှာ ဖိထားတယ် ဆိုတာ သူမကို နမ်းဖို့ ရည်ရွယ်ချက်နဲ့လေ မွ(mua)..."

သူဌေးကြီးရဲ့ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း [MM Translation]Where stories live. Discover now