Chapter 4

523 62 2
                                    

[Unicode]

ချီယင်း၏ မည်သည့်အရိုးမှ ကျိုးမသွားပေ။

အဲ့ဒီကုပ်ချောင်းချောင်းကောင်က သူမ အပြေးရောက်လာတော့ နည်းနည်း တုံ့ဆိုင်းသွားလို့ ဖြစ်မယ်။ ယုကျောက်က စိတ်သက်သာရာရသွားပြီး ဆရာဝန် ညွှန်ကြားထားသည့် ဆေးစာရွက်ကို သူ့ လွယ်အိတ်ထဲတွင် ဖွက်ထားလိုက်သည်။ အိမ်ပြန်လမ်းတွင် သူက ဘူတာရုံသို့သွားပြီး ချီယင်း ယူဆောင်သွားရန် အချို့ပစ္စည်းအသစ်များကို ဝယ်ယူလိုက်သည်။

ယုချန်၏ အကျင့်စရိုက်အရ ထိုကိစ္စက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကျောင်းသို့သွားပြီး ပြသနာ ရှာမည်မှာ အတိအကျပင်။

ယုကျောက်က ထိုအတွေးတစ်ခုသာ ရှိသည် : လူကြီးတွေကို အတန်းဖော် ကျောင်းသားတွေကြားက ကိစ္စတွေမှာ မပါစေနဲ့

သူ ချီယင်းနှင့် ပူးပေါင်းကာ ဆင်ခြေကိုပင် တွေးထားခဲ့သည်။ အကယ်၍ သူမ၏ ဒဏ်ရာကို တွေ့သွားပါက သူမ မတော်တဆ တိုက်မိခြင်းဟု ပြောရန် ဖြစ်သည်။

အိမ်ကို ပြန်ရောက်သောအခါ ညစာက အဆင့်သင့်ပင်။

ချီယင်း၏ အကြိုက်များက မူလပိုင်ရှင်နှင့် တထပ်တည်းပင်။ သူမ အကြိုက်ဆုံး ဟင်းပွဲများကပင် တူညီနေသည်။ သူမ ဤနေရာသို့ ရောက်လာတည်းက သူမ၏ အဒေါ်က သူမ ကြိုက်တတ်သော ဟင်းများကို နေ့တိုင်း ချက်ပြုတ်လေ့ရှိသည်။ ထိုအချင်းအရာက ချီယင်းကို စိတ်လှုပ်ရှားစေခဲ့သည်။

ယုချန်က ယင်းယင်းကို အနိုင်ကျင့်တဲ့ သူ ရှိလား၊ ယင်းယင်းကို လူတွေ ဝိုင်းနေကြလား၊ ယင်းယင်း မကြားနိုင်တာကြောင့် လှောင်တဲ့သူတွေရှိလား အစရှိသော မေးခွန်းများ မေးခဲ့သည်။

ယုကျောက် မျက်လုံးများလှန်လိုက်သည် " ကျောင်းသားတိုင်းက အလုပ်ရှုပ်နေတာ ဟုတ်ပြီလား... အထက်တန်းကျောင်းသားတွေက စာလုပ်ဖို့နည်းနည်းပဲ ရှိတယ်လို့ အဖေ ထင်နေတာလား..."

ယူချန် မနက်က ကျောင်းဂိတ်တွင် သူတွေ့ခဲ့သော ဆိုင်ကယ်စီးလာသည့် ကျောင်းသားကို သတိရလိုက်ပြီး ယုကျောက်၏ စကားများကို မယုံတော့ပေ။

သူဌေးကြီးရဲ့ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း [MM Translation]Donde viven las historias. Descúbrelo ahora