Chapter 2.1

550 65 2
                                    

[Unicode]

Chapter 2.1 - သူမ သူ့ကို စစ်သူကြီးလို့ တိတ်ဆိတ်စွာ ခေါ်လိုက်တယ်

နွေရာသီ အားလပ်ရက် အစောပိုင်းထဲက စာသင်နှစ်ဝက် အသစ်တွင် အထူးကျောင်းသား တစ်ယောက် ပြောင်းရွေ့လာမည်ကို တန်းခွဲ ၂ မှ ကျောင်းသားများ သိခဲ့ရသည်။

အတန်းပိုင်ဆရာ လျှိုချင်းဟွာက ချီယင်း၏ အခြေအနေကို တန်းခွဲ ၂ မှ ကျောင်းသားများကို အတိအကျ ရှင်းမပြခဲ့ပေ။ သို့သော် အတန်းဖော်အသစ်၏ ဖခင်က သူ့အသက်ကို ပြည်သူများအတွက် စတေးခဲ့ပြီး ဂုဏ်ပြု လေးစားထိုက်သော ရဲအရာရှိကြီး တစ်ဦး ဖြစ်ကြောင်း ပြောပြခဲ့သည်။ အတန်းဖော်အသစ်က အာဇာနည် တစ်ဦး၏ သမီး ဖြစ်ပြီး သူရဲကောင်း၏ မျိုးဆက်ဟုလည်း ပြောခဲ့သည်။ ထို့ပြင် လူတိုင်း သူမကို ကူညီရိုင်းပင်းကာ ချစ်ခင်ပေးရန်လည်း မှာကြားခဲ့သည်။

ဆယ်ကျော်သက်ကောင်လေးများနှင့် ကောင်မလေးများ၏ နေ့စဥ်ဘဝတွင် အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုများမှာ စာမေးပွဲ ရလဒ်များနှင့် တစ်ဖက်သတ် အချစ်ပြသနာများပင်။ 'အာဇာနည်' နှင့် 'သူရဲကောင်း' ဆိုသော ဂုဏ်ပုဒ်များကို ဘယ်မှာ ကြားဖူးကြပါမည်နည်း... အစပိုင်းတွင် အံ့အားသင့်သွားကြပြီးနောက် တစ်ယောက်​ပြီးတစ်ယောက် ဖိုရမ်ပေါ်သို့ သွားပြီး ကျောင်းသူအသစ်လေးကို ကျိန်းသေ ကာကွယ် ချစ်ခင်ပေးပါ့မည်ဟု ကတိပေးနေကြလေသည်။

ကျောင်းဝင်းအတွင်းရှိ စာသင်နှစ်ဝက်အသစ်တွင် အားမာန် တက်ကြွမှုများဖြင့် ပြည့်နှက်နေလျက်။

ချီယင်းက စိတ်ပိုင်းဆိုင်ရာ ကုထုံးများကို အတော်ကြာသည်အထိ ကုသပြီးပြီ ဖြစ်သော်လည်း သူမအနားတွင် ရုတ်တရက် လူအများကြီးကို တွေ့လိုက်ရချိန်တွင်တော့ အနည်းငယ် ကျင့်သားမရသေးပေ။

သူမက တိုင်းပြည့်ပြင်ပရှိ အပျက်အဆီးများ ဆာလောင်မွတ်သိပ်နေသော လူများ ပြည့်နှက်နေသည့် မြေပြင်တွင် မွေးဖွားလာခဲ့ရသည်။ နောက်ပိုင်းတွင် သူမ စစ်သူကြီး၏ အိမ်တော်၌ နေခဲ့ရသော်လည်း သူမကို အမှုထမ်းသော အစေခံ မိန်းမပျိုလေးများမှာ နှစ်ယောက် သုံးယောက်ထက် မပိုပေ။ ထိုနေရာတွင် အချိန် အများစုကတော့ ဘဝမဲ့နေသလို အထီးကျန်စွာ နေခဲ့ရသည်။

သူဌေးကြီးရဲ့ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း [MM Translation]Where stories live. Discover now