Bloody Love part- 61🖤

Start from the beginning
                                    

Darlingဘာကြောင့် ဒီလိုမှာခဲ့တာလဲ ဆိုရင်တော့

Darlingမိဘတွေနဲ့တွေ့ပြီးနောက်တော့ ဟေသာရဲ့မဲစွယ်မှုကြောင့် ဝိုင်ဟာ ဟေသာနဲ့အတူ အပြင်ကိုလျှောက်လည်ခဲ့သည်။ ဟေသာရဲ့ဂျီကျမှုကြောင့် နေ့ခင်းကြောင်တောင် Barထိရောက်သွားပြီး အတော်လေးနောက်ကျမှ အိမ်ပြန်ရောက်ခဲ့သည်။

Darlingကမေးတော့လည်း "ရုပ်ရှင်ဝင်ကြည့်နေလို့"ဆိုပြီး လိမ်လိုက်မိသေးသည်။ သို့ပေမယ့် နေ့မကူးခင်မှာဘဲ Darlingဟာ သိသွားတာကြောင့် Darlingက ဝိုင့်ကို ဒေါသထွက်ကာ စကားလုံးဝမပြောခဲ့။ ဟေသာပြောတော့မှ ဝိုင်လည်း အကြောင်းစုံသိတာကြောင့် Darlingကို မနည်းတောင်းပန်လိုက်ရသည်။ ဒါ့အပြင် ကတိတစ်ခုပါ ပေးလိုက်ရသေးသည်။

ကတိကတော့
"Darlingမပါဘဲ ဘယ်တော့မှ Barကိုမသွားပါဘူး"ဆိုတာပင်။

အကုန်လုံးကိုပြန်တွေးမိပြီး ဝိုင်သူ့ဘာသာသူ ပြုံးလိုက်မိသေးသည်။ ဒီနေ့က ဂျုတီမရှိတာမလို့ ဟေသာနဲ့အတူ စျေးဝယ်ထွက်နိုင်တာပင်။ အိပ်ယာက ကတန်းမယန်းထကာ မျက်နှာသစ်ပြီး အက်ျီလဲကာ ဟေသာစီကို ဖုန်းဆက်လိုက်သည်။

"ဟလို ဟေသာ"

"ဝိုင် ဟေသာထွက်လာနေပီ ရောက်တော့မယ်"

"အင်းအင်း ကိုယ် စောင့်နေမယ်နော်"

"ဟုတ် ဝိုင်"

ဝိုင်ရဲ့ဘဝဟာ အခုတော့ အေးချမ်းနေပါပြီ။ အဖွားနဲ့ အမွှာညီမဖြစ်သူ သဇင်ဝိုင်ကိုလည်း ကောင်းကောင်းထောက်ပံ့နိုင်နေပြီ။ ချစ်ရတဲ့ Mateကိုလည်း ရှာတွေ့ပြီဖြစ်သည်။ ထိုအတိုင်းလေးဘဲ ဝိုင် ငြိမ်းငြိမ်းချမ်းချမ်းနေချင်သည်။ ဘာ်အနှောင့်အယှက်မှကိုလည်း ဝိုင် မလိုလားပေ။

...........................

"ငါ့ကို ဘာကိစ္စခေါ်တော့"

ခွန်းရောင်ခြည် မိမိရှေ့က ကလျာရဲ့ အတွင်းရေးမှုးကိုကြည့်ပြီး မေးလိုက်သည်။ မနက်ကအခြေအနေကြောင့် လူက သိပ်မကြည်။ ထို့ကြောင့် တိုတိုနဲ့လိုရင်းသာ ပြောလိုက်သည်။

"မဒမ် လိုချင်တဲ့ ပမာဏကိုပြောပါ။ ကျနော်တို့ဘက်က မဒမ်တောင်းသလောက် ပေးမှာပါ။ တခါတည်းလည်းပြောလိုက့်ပါ့မယ်။  မဒမ် ကျနော်တို့စီက ပစ္စည်းတွေယူပြီးတာနဲ့ Bossရှေ့ ဘယ်တော့မှ မသွားဖို့ ပြောပါရစေ။ မဟုတ်လို့ကတော့ ကျနော်တို့အဆိုးမဆိုပါနဲ့မဒမ်"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now