ဇာတ်သိမ်းပိုင်း

977 58 16
                                    

Unicode

ထိုနေ့ကစပြီး Yoon Jaehyung က Jeonghan နဲ့ Cheol ကို မသိမသာအကဲခတ်ကြည့်နေသည်။ အပေါ်ယံမြင်တာနဲ့တင် ကလေးနှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ဘယ်လောက်ထိ သံယောဇဥ်ကြီးလဲ ရိပ်မိသည်။ သူလည်း ချစ်​မေတ္တာကို လက်တည့်စမ်းကြည့်ဖူးသူမို့ သားဖြစ်သူ Jeonghan ရဲ့ ခံစားချက်​တွေကို အတိုင်းသား မြင်ရလာသည့်အခါ သားကို ခွင့်ပြု​ပေးဖို့ အတည်ပြုမိလာသည်။ SeungCheol ဘက်ကလည်း ထပ်တူကျ​နေတဲ့ မျက်ဝန်း​တွေနဲ့ ယုယမှု​တွေက အလျှံပယ် ​ပေါ်ထွက်လာ​တော့ သားကို စိတ်ချသွားရသည်။ သူ့​ရှေ့​ရောက်ရင် သတိနဲ့​နေ​နေကြတဲ့က​လေးနှစ်​ယောက်​ကြောင့် သူရယ်ချင်မိ​သည်။ ​နေ့တစ်ဝက်မက​သော အလုပ်ချိန်​နှင့် အလုပ်​တွေကို သည်ရက်​တွေထဲ လျစ်လျူရှုမိသည်။ တကယ်တမ်းလည်း သားကို အချိန်မ​ပေးမိသည်က များသည်​လေ။ Suri က Jeonghan၏ စာ​မေးပွဲအမှတ်အ​ကြောင်းကို သူ့အား တိတ်တိတ်က​လေး ​ပြောပြကာ သူမ၏သားကို မဆူဖို့ အတင်းနှိုး​ဆော်လို့​နေသည်။ ခါတိုင်းလည်း အမှတ်မ​ကောင်းသည့်သား​ကြောင့် ထူးပြီး​ပြောမ​နေချင်​သော်လည်း ဘာသာရပ်အကုန် ဘီရသည်ဆိုတာ​တော့ ဖခင်တစ်​ယောက်အ​နေနဲ့ ​အော်​ငေါက်ဆူပူချင်မိသည်။ 

သို့​သော်လည်း သည်ရက်​တွေထဲ စာကို ဒီဇိုင်းမတ်မတ်လုပ်​နေသည့်သား​ကြောင့် စိတ်မရှုပ်သွား​စေရန် ဆူဖို့အစီအစဥ်ကို ပယ်ဖျက်လိုက်သည်။ လူငယ်​တွေက တစ်ခါဆူလျှင် ​မြေဝယ်မကျနာခံမည်ဖြစ်​သော်လည်း ဖန်တစ်ရာထပ်​အောင် ဆူခံရတာ​တွေ များလာသည့်အခါ တမင်ကို ဂျစ်တိုက်တတ်ကြသည်မို့ Yoon Jaeyoung စိတ်ကို တစ်ထစ်​လျော့လိုက်ခြင်းဖြစ်သည်။ 

"အ​မေ Cheol အိမ်သွားမလို့"

Yoon Jaehyung အ​တွေး​တွေက Jeonghan အသံ​ကြောင့် တမဟုန်ချင်း ​ပျောက်ကွယ်သွားသည်။ Jeonghan က Cheol အိမ်မှာ စာသွားလုပ်​လေ့ရှိသလို အိမ်ပြန်ရရင်လည်း Cheol က ​ပေးတဲ့ အိမ်စာ ဆိုပြီး စာထပ်လုပ်​သည်။ ဤသည်မှာ Jeonghan ရဲ့ နိစ္စဓူဝလိုဖြစ်လာသည်။ ​ကျောင်းကဆရာ​တွေ အိမ်စာ​ပေးလျှင် မသိချင်​ယောင်​ဆောင်တတ်ပြီး အိပ်ငိုက်​နေတတ်သည့်သူက Cheol အိမ်စာ​ပေး​တော့ တစ်ပုဒ်မကျန်တွက်၍​နေသည်။ အချိုး​ပြောင်းလာသည့် သူ့ကိုယ်သူလည်း Jeonghan ဂုဏ်ယူမိသည်။ ​သူအကျင့်ပျက်သွားရတာလည်း Cheol ​ကြောင့်၊ လမ်းမှန်သွားရတာလည်း Cheol ​ကြောင့်ပင်။ တကယ်ပဲ Cheol က သူ့အတွက် အို​အေစစ်​လေးလို၊ Cheol ကသာ သူ့ရဲ့ ရှုံးနိမ့်ခြင်းနဲ့ ​အောင်မြင်ခြင်းရဲ့ ပြယုဂ်။ Cheol က သူ့ရဲ့အရာရာကို လက်​ဖြောက်က​လေး တစ်ချက်ဖြင့် ခြယ်လှယ်နိုင်သလို သူကိုယ်၌ကလည်း ခြယ်လှယ်ခွင့်​ပေးထားသည်။ တွယ်တာခဲ့ရတဲ့ ​နေရက်​တွေမှာ Cheol နဲ့ အမှတ်တရ​တွေက ရစ်ပတ်​နှောင်ချည်လို့။

"DANCIN' On to Your Heartbeat"Where stories live. Discover now