အပိုင်း-၂၁

545 50 4
                                    

Unicode

သည်နေ့က Cheol မွေးနေ့ဖြစ်သလို Mid-term Result တွေရသည့်နေ့လည်းဖြစ်သည်။ အမှတ်ကောင်းသည့်သူတွေကလည်း အောင်ပွဲခံနေကြသလို၊ မကောင်းသည့်သူတွေကလည်း ငြူငြူစူစူဖြင့်။ ထုံးစံအတိုင်း B 12 ရဲ့ အတန်းပိုင်ဆရာက အမှတ်ရလဒ်အရ ဆူသင့်သည့်သူတွေကိုဆူ၊ ဂုဏ်ပြုသင့်သည့်လူတွေကို ဂုဏ်ပြုနေသည်။ Mingyu တို့အဖွဲ့မှာတော့ ထူးခြားဆန်းပြားစွာ Mingyu တစ်ယောက်တည်း သာသာစုံ အမှတ်ကောင်းသည်။

ပြီးတော့ Hoshi...

ကျောင်းကို နှစ်လယ်စာမေးပွဲ ကပ်ခါနီးမှ တက်သော်လည်း အမှတ်က ထင်ထားသည်ထက် ကောင်းနေသည်။ အတန်းထဲကလူတွေပြောကြတာက တံငါးနားနီး တံငါ၊ မုဆိုးနားနီးမုဆိုးဆို‌တော့ စာတော်သည့် Jihoon နား‌ရောက်တော့လည်း အမှတ်ကောင်းတာ မထူးဆန်းပါလေတဲ့။ တကယ်လည်း Jihoon ၏ ကျေးဇူးတွေ အများကြီးပါ,ပါသည်။ မျက်နှာသေလေးဖြင့် စိတ်ရှည်လက်ရှည် စာရှင်းပြပေးသည်က Hoshi အတွက် အများကြီး အထောက်အကူပြုသည်။ တစ်ခါတလေ မျက်နှာသေးသေးဖြူဖြူကို မျက်စိပနာသလုပ်မိတိုင်း နေရခက်စွာ ထထွက်သွားသူကြောင့် နောက်ခါများဝယ် ထိုမျက်နှာလေးကို ခိုးမကြည့်မိဖို့ မနည်းထိန်းထားရသည်။

Seokmin က သင်္ချာနဲ့၊ သမိုင်း B ရသည်။ ကျန်တဲ့ ဘာသာတွေမှာ အမှတ်က မဆိုသလောက် ကောင်းသည်။ သူ့ကိုယ်သူတော့ မဆိုးပါဘူးဟု ကောက်ချက်ချကာ ထိုအမှတ်တွေအပေါ် ကျေကျေနပ်နပ်ပဲ လက်ခံသည်။ Jeonghan ကတော့ အဆိုးဆုံးဟုပဲ ပြောရမလား။ ဘာသာရပ်အကုန် B ရသည်။ အရင်ကထက်စာရင် သိသိသာသာ လျော့နည်းသွားသည့် အမှတ်တွေကြောင့် စိတ်က ဟိုးအောက်ဆုံး ထိုးကျသွားသည်။ ဒါ့အပြင် ဆရာက နားချိန်မှာ သူ့ကိုခေါ်ကာ သူရသည့် B တွေဟာ C နားကပ်နေသည့် B ဖြစ်သည်ဟု ဆိုသည်။ Jeonghan ငူငူငိုင်ငိုင်ကြီးဖြစ်နေမိသည်။ သူဖြေနိုင်သည်ဟု ထင်ခဲ့မိသော်လည်း တပ်တပ်စင်လွဲရသည်။

Mingyu ကတော့ သူကိုယ်၌က အမှတ်ကောင်းနေသော်ငြား သူ့သူငယ်ချင်းတွေမှာ အခြေအနေမဟန်သောကြောင့် မြူးရွှင်ခုန်ပေါက်ဖို့ မရဲပါ။ တော်ကြာ စိတ်ကောက်နေမှ လိုက်ချော့ရပေအုံးမည်။ ဒါပေမဲ့လည်း သူတို့ သူငယ်ချင်းအဖွဲ့မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိသည်ကြောင့် Mingyu ကို ဝမ်းပမ်းတသာပင် ချီးကျူးပါသည်။ Mingyu ကတော့ Wonwoo ရဲ့ ချီးကျူးမှုကိုသာ ပိုအလိုရှိသည်ကြောင့် Minghao ကို ခုံနေရာဖယ်ခိုင်းလိုက်ပြီး Wonwoo ဘေးထိုင်လိုက်သည်။ Minghao ကတော့ မျက်စောင်းတွေ ကြိတ်ထိုးနေသော်လည်း ထိုသကောင့်သားနှင့် စကားအများကြီးမပြောချင်တော့တာကြောင့် ထထွက်သွားသည်။

"DANCIN' On to Your Heartbeat"Onde histórias criam vida. Descubra agora