အပိုင်း-၉

742 55 5
                                    

Unicode

ချိတ်ဆွဲထားတဲ့လက်နှစ်ဖက်က အမှောင်ယံကို ထွင်းဖောက်လို့နေတယ်။ သူတို့နှစ်ယောက် ထပ်တူကျနေတဲ့ နှလုံးသားတွေနဲ့ အပြုံးတွေ ဝေလို့ဆာလို့။ ညနေ ကျောင်းမဆင်းခင်က တူတူပြန်မည်ဟု Jeonghan နား,နားကို တိုးဝှေးကလူရင်း ပြောလာသည့် Cheol ကြောင့် Mingyu တို့အဖွဲ့ အံ့အားသင့်ခဲ့ရတယ်။ Jeonghan ကတော့ သဘောမကျဟန် ပြုလိုက်ရပေမဲ့ တကယ်တန်းအတိုင်းမသိ ဝမ်းသာမိနေတာ။ Cheol ကသူ့ကို အပြုံးတွေနဲ့ပြုစားလိုက်၊ အနမ်းတွေနဲ့ ထိန်းချုပ်လိုက်နဲ့၊ Cheol ရှေ့မှာ သူ့နှလုံးသား အကြိမ်ကြိမ် အခါခါ ကျရှုံးနေခဲ့ပါတယ်။ စသလိုလို၊ နောက်သလိုလိုနှင့် အချစ်လေးလို့ခေါ်လိုက်၊ လူလစ်တုန်း ပါးပြင်ကို ခိုးခိုးနမ်းလိုက်နဲ့ သူ့စိတ်ကြိုက်ကို ပြုမူနေတော့တာ။ Jeonghan ကိုပြောပါသေးတယ်။ မင်းကို အချစ်ဆိုတာဘာလဲ သိသွားအောင် ငါလုပ်ပေးမယ်တဲ့။ Jeonghan ပြုံးမိပါသည်။ Cheol က စကားတတ်တိုင်း လျှောက်ပြောနေတော့တာ။ တကယ်တန်းတော့ Cheol ကို စစချင်းတွေ့ကတည်းက အချစ်ဆိုတဲ့အရာ သူ့ရင်ထဲကိန်းအောင်းနေခဲ့တာပါ။ ဒါကိုတော့ Cheol ကိုမပြောပြမိ။ Cheol က လမ်းလျှောက်နေရင်း ဘာတွေးမိလို့ရယ်မသိ၊ Jeonghan မျက်နှာကို ခပ်ဖြီးဖြီးလေးကြည့်ရင်း မျက်လုံးမို့မို့လေးမှေးစင်းသွားတဲ့အထိ ပြုံးကာ

"Jeonghan မင်းကလေ တစိမ့်စိမ့်ကြည့်လေ ပိုချစ်စရာကောင်းလေပဲသိလား"

ဆွဲထားတဲ့လက်နှစ်ဖက်ကို ရမ်းခါ၍ ကလေးငယ်တစ်ယောက်ကို မြူးတူးစွာပြောလာသည်က မြတ်နိုးစရာ။ Cheol က သူပြောသလိုပဲ Jeonghan မျက်နှာကို တစိမ့်စိမ့်ကြည့်နေတာကြောင့် ကြာတော့ နေရခက်လာသည်။ ပါးပြင်ဖွေးဖွေးက အရှေ့ကလူရဲ့ အကြည့်တွေကြောင့် ချက်ချင်းဆိုသလို နီရဲတက်လာကာ

"Cheol လမ်းကိုကောင်းကောင်းလျှောက်ကွာ"

"ပြီးရောလေ မင်းကဘေးတိုက်လေးလည်း ချစ်စရာပဲကို"

နောက်ပြန်လျှောက်နေရာမှ ဘေးသို့ပြောင်းသွားပြီး ဘေးတိုက်အနေအထားနဲ့ Jeonghan ကိုပေါ်တင်ငေးတယ်။ ခုနေ နွားချီး၊ မျောက်ချီး တက်နင်းမိရင်တောင် Cheol တက်နင်းမိမှန်းတောင်မသိဘဲ ချီးပေအတိုင်း အိမ်ပြန်မိမှာပင်။ Jeonghan သူ့အတွေးကြောင့်ရယ်လိုက်မိပြီး Cheol လက်ကိုအားနဲ့ ညှစ်လိုက်ကာ

"DANCIN' On to Your Heartbeat"Where stories live. Discover now