အပိုင်း-၂၁

Start from the beginning
                                    

"ကတိပေးထားတာ သိတယ်မလား"

Mingyu က နူးနူးညံ့ညံ့ လေသံဖြင့်ပြောနေသော်လည်း ထိုလေသံကို Wonwoo ဘဝင်မကျပင်။

"ဘာလဲ၊ ဘာကတိလဲ"

"မသိချင်ယောင်ဆောင်ပြီး လူလည်ကျရင် ဆယ်ခါနမ်းရမယ်"

"ဘယ်သူ့သဘောနဲ့လဲ"

"မင်းရည်းစား သ‌ဘောနဲ့"

Wonwoo ကပြုံးသည်။ မျက်မှန်အောက်က မျက်ဝန်းလေးတွေ မှေးခနဲဖြစ်သွားသည်အထိ နက်ရှိုင်းစွာပြုံးသည်။ Mingyu က Wonwoo မျက်မှန်ကို လျင်မြန်စွာပဲ ကောက်ချွတ်လိုက်ပြီး

"မနမ်းရင် ပြန်မပေးဘူး"

"မင်းကွာ"

"နမ်းလေ"

"ရူးနေလား၊ အတန်းထဲမှာလေ"

"ဩ အတန်းထဲမှာ မဟုတ်ရင် နမ်းမယ်ပေါ့။ လာလာ ထ"

Wonwoo ကို လက်ကောက်ဝတ်ကနေ အတင်းဆွဲခေါ်နေသည့် Mingyu ကြောင့် အတန်းထဲကလူတွေက ကွက်ကြည့်ကွက်ကြည့်။ Wonwoo ရှက်မိသည်ကြောင့် လက်ကို အားနဲ့ ပြန်ရုတ်လိုက်ပြီး

"မင်း!"

Wonwoo က လေသံကို သူများမကြားအောင် ထိန်းပြောနေပေမဲ့ ဘေးက Mingyu မှာ Wonwoo ကြိမ်းမောင်းသံကို အတိုင်းသားကြားရပါသည်။

"Wonnu လေးရာ မင်းငါ့ကိုဆို တအားအော်တာပဲ။ မချစ်ဘူးလား"

"မင်းဘက်က ထိန်းထိန်းသိမ်းသိမ်း နေလေ"

"အာဘွားပေးနော်"

"..."

"ငါ ဒီလိုအမှတ်ရဖို့ မနည်းကြိုးစားထားတာလေ"

"..."

"လူကိုရည်းစားတော်ထားရတာလား၊ ကျောက်ရုပ်ကြီးကို ရည်းစားတော်ထားရတာလား မသဲကွဲဘူး"

"မျက်မှန်အရင်ပြန်ပေး၊ ဆရာပြောသွားတာတွေ Note ထုတ်ရမှာ"

"ဒီငကန်းလေးကတော့"

Mingyu က ဤသို့စနောက်ပြီး ပြန်ပေးလိုက်သည်။ ထိုအခါမှ Wonwoo က စိတ်ဖြောင့်လက်ဖြောင့် စာဆက်လုပ်နေသည်။ Mingyu ကတော့ ခုနကနဲ့မတူစွာ ငြိမ်ကုတ်ကုတ်ဖြင့် Wonwoo ကို ငေးနေသည်။ သည်လို ရုပ်တည်ကြီးနဲ့ ရှက်သွေးဖြာသွားတာကို ပိုလို့ တွယ်တာမိတာကြောင့် Wonwoo အေးစက်သမျှ သူအပြစ်မမြင်။ ချစ်စိတ်တွေသာ ပွားရသည်။ အာဘွားမရလည်း ဘာအရေးလဲ။ ဂိမ်းဆော့ပြီးတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမည့် မျက်မှန်လေးကို ညတိုင်း ခိုးခိုးနမ်းနေရတာပဲလေ။ 

"DANCIN' On to Your Heartbeat"Where stories live. Discover now