Part-14

722 45 2
                                    

"ဘယ်လိုဆက်လုပ်မှာလဲJungkook"

"ခိုးပြေးမှာ"

"မလွယ်လောက်ဘူးနော်မုန်လာဥ"

"မလွယ်ဘူးဆိုတာငါသိတယ် ကြိုးစားကြည့်ချင်သေးတယ်"

"လိုအပ်တာရှိရင်လဲပြောပါ hyungလဲကူညီပေးပါ့မယ်"

Jungkookကသူကြုံခဲ့ရသမျှကို Hoseok hyung ကိုရော ပိန်းဥကိုပါပြောပြကာ အကြံဉာဏ်တောင်း၏။သူ့သဘောကတော့ Jiminကိုခိုးပြေးမှာ အချိန်တွေကြာလာလို့ ကောင်းလာတာရှိမှာမဟုတ်ဘူး။

Parkအိမ်တော်ကြီးထဲမှာ Jiminရှိနေတာကိုလဲ စိတ်မချဘူး၊ ခုဆိုJiminဘယ်လိုများနေနေမလဲ၊ ကျွန်တော်မလာလို့ လွမ်းနေမလား ဒါမှမဟုတ်Jiminကိုအခန်းထဲပိတ်ထားကြလေမလား။

အတွေးနဲ့တင်မွန်းကြပ်လာတာမို့ ခိုးပြေးဖို့ကိုသာ အားစိုက်လုပ်ဆောင်နေ‌သည်၊ Jiminကိုခိုးပြီးရင် Hoseok hyung ရဲ့အဘွားအိမ်ဖြစ်တဲ့ ဒယ်ဂူးမြို့မှာပဲအခြေချတော့မှာ၊ နာမည်တွေလဲပြောင်းသင့်ရင်ပြောင်းမှာ။

တိတ်တိတ်ကလေးပဲ နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နေသွားတော့မှာ၊ မနက်မိုးလင်းလာရင်Jiminမျက်နှာလေးကိုမြင်ရမယ် ညဘက်မှာJiminခန္တာကိုယ်လေးကိုဖက်ပြီးအိပ်မယ် ချမ်းအေးလှတဲ့ရာသီတွေမှာတောင်နွေးထွေးနေတော့မှာပဲ။

အတွေးနဲ့တင်နွေးထွေးလွန်းနေတာကြောင့် လက်တွေ့အကောင်အထည်ဖော်ဖို့ကိုမစောင့်နိုင်တော့ဘူး၊

ပိန်းဥနဲ့Hosoek hyungကလဲ သူတို့တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြ၏။ခိုးပြေးမဲ့ရက်ကိုလဲသတ်မှတ်ပြီးသွားပြီဖြစ်သလို လေယာဉ်လက်မှတ်တွေလဲဝယ်ထားပြီးပြီ၊ ညတွင်းချင်းဒယ်ဂူးကိုသွားမှာဖြစ်၏။

ဒယ်ဂူးကိုရောက်တာနဲ့ တစ်ခါထဲစေ့စပ်မှတ်ပုံတင်ပြီး လက်မှတ်ပါတစ်ခါထဲထိုးမှာ၊ အရာအားလုံးကစီစဉ်တာပြီးလုနီးပါးရှိပြီဆိုတော့ Jiminကိုအကြောင်းကြားဖို့သာကျန်တော့တယ်။

Jiminကရောလိုက်ပါ့မလား။
Parkအိမ်တော်ကြီးထဲဝင်လို့မရတော့ Jiminကိုအသိပေးဖို့က ခက်ခဲလို့နေပြန်တယ်။

ဒေါ်ဒေါ်ဈေးထွက်ဝယ်တဲ့နေ့မှပဲ ဒေါ်ဒေါ်နောက်ရုပ်ဖျက်လိုက်ကာ စာလေးတစ်စောင်ထည့်ပေးလိုက်ရတယ်၊ အောင်မြင်မလား ကျဆုံးမလားဆိုတာကတော့ ခိုးယူမဲ့ညကျမှသိရမှာပဲ။

absquatulateWhere stories live. Discover now