Part-1

1.1K 89 10
                                    

"ဘယ်သူလဲ"

"ကျွန်တော်ပါအစ်ကိုလေး"

"အိမ်တော်ထိန်းဂျယ်… ဘာကိစ္စရှိလို့လဲ"

"ဟို…လူတစ်ယောက်ကအစ်ကိုလေးကို စာအိတ်ပေးခိုင်းလိုက်လို့ပါ"

"ဘယ်သူကလဲ"

မျှော်လင့်နေမိပါတယ် ဆိုဖာထက်ထိုင်နေရင်းပင် ခါးလေးများဆန့်မိသွားသည်အထိ၊ နှလုံးခုန်နှုန်းတွေလဲ မြန်လာကာ ဟုတ်ပါစေလို့တိုင်တည်ရင်း အိမ်တော်ထိန်းဂျယ်စကားကိုနားစွင့်နေမိသည်။

"ဘယ်သူလဲဆိုတာရေးမထားဘူးအစ်ကိုလေး ဒါပေမဲ့ Jeon Jungkook လို့တော့ပြောပါတယ်"

"Jeon Jungkook…?"

တစ်ကယ်ကိုသူပဲ မျှော်နေခဲ့တာ အဲဒီနာမည်လေးကိုထပ်ကြားချင်နေခဲ့တာ၊ နောက်ဆုံးတော့ကြားခွင့်ရခဲ့ပြီ စောင့်ဆိုင်းခဲ့ရတဲ့သုံးနှစ်ကျော်အချိန်ကာလသည် တန်တယ်လို့ပဲပြောရမလား နောက်ဆုံးတော့ Jungkook ကဆက်သွယ်လာခဲ့ပြီ။

"ဒေါ်လေးဟီဂျင်းကိုခေါ်ပေးပါ"

"ဟုတ်ကဲ့အစ်ကိုလေး"

အိမ်တော်ထိန်းကြီးထွက်သွားမှ အသက်ကိုခပ်ပြင်းပြင်းရှူမိ၏။ဝဲတက်လာတဲ့မျက်ရည်တို့ကိုလဲ ထိန်းမထားနိုင် အသက်ရှူတွေကျပ်စွာ မျက်ရည်များဟာပါးပြင်ထက် တစ်လိမ့်ချင်းကျဆင်းလာ၏။

ရင်ဘတ်ကလေးကိုထုရင်း ရှိုက်သံပိစိလေးများဖြင့် ခိုးငိုနေမိသည်၊ ဒါမျိုးလေးမငိုရတာဘယ်လောက်တောင်ကြာသွားပြီလဲ တစ်နှစ်လား နှစ်လား သုံးနှစ်လား။

ဘယ်သူမှမရှိတုန်းအားရအောင်ခိုးငိုထားပြီး တံခါးခေါက်သံကြားမှ မျက်ရည်တို့ကိုအလျင်အမြန်သုတ်ကာ အထဲဝင်ရန်အမိန့်ပေးလိုက်သည်။

"ဒေါ်လေးရောက်ပါပြီ"

"အိမ်တော်ထိန်းကြီး စာအိတ်ကိုဒေါ်လေးဟီဂျင်းလက်ထဲထည့်ခဲ့ပြီး ထွက်သွားလို့ရပြီ"

"ဟုတ်ကဲ့အစ်ကိုလေး"

အိမ်တော်ထိန်းကြီးလဲအစ်ကိုလေးမှာကြားသည့်အတိုင်း ဆောင်ရွက်ပြီးအခန်းတွင်းမှ တိတ်တဆိတ်ထွက်သွားတော့သည်၊

absquatulateWhere stories live. Discover now