"အဲဒါဘာလုပ်နေတာလဲ"
တံခါးတစ်ချပ်ကိုဖွင့်ဖို့လုပ်နေတုန်း အိမ်တော်ထိန်းအသံကြားလိုက်ရတာကြောင့်တုန်လှုပ်သွား၏။
"ဟို…ဟို သန့်စင်ခန်းရှာနေတာ မတွေ့တာနဲ့"
သူကဘာလို့လူကိုစားမတတ် ဝါးမတတ်ကြည့်နေရတာလဲ၊ hyungရေကျွန်တော့်ကိုလာကယ်ပါအုံး ဘာလုပ်ရမှန်းမသိတော့ဘူး။
"သန့်စင်ခန်းကဒီဘက်မှာ လိုက်ပို့ပေးမယ် လိုက်လာခဲ့ပါ"
ဒီတံခါးကိုတစ်ကယ်ပဲမဖွင့်နိုင်တော့ဘူးထင်တယ်၊
ဧည့်ခန်းကနေလှမ်းကြည့်တိုင်း အိမ်တော်ထိန်းကြီးက ဒီအခန်းထဲဝင်ဝင်သွားလေ့ရှိတယ် ဒေါ်လေးကိုမေးကြည့်တော့လဲ အဲအခန်းကအိမ်တော်ထိန်းကြီးပဲဝင်ခွင့်ရှိတာတဲ့ အဲဒါကြောင့်ဒီနေ့ ဒီအခန်းထဲဝင်ကြည့်ချင်တာ၊ ဒါပေမဲ့လဲမအောင်မြင်ပါဘူး။"အဲမှာဘာရပ်လုပ်နေတာလဲ လိုက်မလာဘူးလား"
"လာ…လာပါပြီ"
နှုတ်ဆက်ပါတယ်တံခါးလေးရေ။
Kim Taehyung တဲ့နာမည်သုံးလုံးပဲရှိတယ် လေးလုံးဖြစ်နေရင်တစ်လုံးကိုဝါးစားဖြစ်မယ်၊ အဲဒီအခန်းကိုလဲလက်လျော့လိုက်မယ်မထင်နဲ့ မရရအောင်ဖွင့်ပြအုံးမယ်။
နောက်တစ်နေ့~~~~~
"အာ…!! ချီး… ဘယ်သူကသော့ခတ်လိုက်တာလဲ"
ဒီအထပ်ကိုမနည်းတက်လာရတာကို ဒီအခန်းကသော့ခတ်လိုက်ပြီ အိမ်တော်ထိန်းကြီးရိပ်မိသွားတာလား၊ မဖြစ်နိုင်ပါဘူး။
သော့ကလဲမဖွင့်တတ် ရိုတ်ချိုးပြီးဖွင့်ရင်လဲ တစ်အိမ်လုံးကြားသွားပြီး ပဲထမင်းစားနေရအုံးမှာ၊ ဒီနေ့တော့အိမ်တော်ထိန်းကြီးဆီမှာအမိခံလို့မဖြစ်ဘူး ဒီတစ်ခါဆိုသူယုံတော့မှာမဟုတ်ဘူး။
တံခါးကိုခေါင်းလေးမှီထားကာ စိတ်ပျက်လက်ပျက်နဲ့ hyungကိုဘယ်လိုပြန်ပြောရမှန်းလဲမသိ hyungလဲသူ့ကိုစိတ်ပျက်နေလောက်မလား။
"ထယ်… မျက်နှာလဲမကောင်းပါလား နေမကောင်းဘူးလား"
"မဟုတ်ပါဘူး… ထယ်ကဘာသတင်းမှယူမလာနိုင်လို့ hyungကိုအားနာနေတာ"
YOU ARE READING
absquatulate
Fanfictionအကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......