Part-4

373 50 4
                                    

Jimin shi ကိုကျွန်ဝောာ်ကိုယ်တိုင်လုပ်ထားတဲ့ကြက်ဥထမင်းလိပ်လေးကျွေးချင်လို့ ဒီနေ့အိမ်ကစောစောထွက်လာတာ၊ အိမ်တော်ထိန်းကြီးလာခေါ်တာလဲမစောင့်နိုင် Taxiစီးပြီးသာလာခဲ့လိုက်သည်။

လွယ်အိတ်လေးထဲပါလာတဲ့ထမင်းဗူးလေးကြောင့် လမ်းတစ်လျှောက်တစ်ယောက်ထဲပြုံးနေသည်မှာအရူးလိုပဲ၊ Jimin shiကလေ အစားကိုကောင်းကောင်းစားတဲ့ကလေးမျိုး စားကောင်းတာလေးတွေဆို နှုတ်ခမ်းလေးထော်ကာ ပါးလေးတွေဖောင်းသည်အထိ စားတတ်သေးသည်။

အစားကိုချစ်ဖို့ကောင်းအောင်စားတတ်တဲ့ကျွန်တော့်ဘဲပေါက်လေးက ကျွန်တော်ကျွေးသမျှကိုလဲ မငြင်းပဲစားတတ်သေးသည်၊ ဘဲပေါက်လေးနဲ့လိုက်ဖက်တဲ့ ကြက်ဥထမင်းလိပ်အဝါရောင်လေးက ကျွန်တော့်အပြုံးတွေကိုပိုတောက်ပစေ၏။

"မစောလွန်းဘူးလား…"

အိမ်တော်ထိန်းကြီးစကားသံကြောင့် ခါးလေးမတ်ကနဲ့ အသံတွင်ဒေါသတွေဖြတ်ပြေးနေပါသည်၊ အိမ်တော်ထိန်းမျက်နှာသည်လဲ ဒီနေ့မှပိုခက်ထန်နေသလို။

"ဝယ်…ဝယ်စရာလေးရှိတာနဲ့ စောစောထွက်လာလိုက်တာ"

လိမ်လိုက်တာပါ တစ်ကယ်က ဘဲပေါက်လေးနဲ့တွေ့ဖို့အစောကြီးလာတာ၊ အိမ်တော်ထိန်းကြီးကဘာမှတော့မပြောပါ ဧည့်ခန်းမှာထိုင်ခိုင်းပြီး သူကတော့အရေးကြီးအလုပ်ကိစ္စနဲ့အပြင်သွားစရာရှိတယ်ဟုဆိုကာ ထွက်သွားခဲ့သည်။

ဒီနေ့ကျမှ ပတ်အိမ်တော်ကြီးကခါတိုင်းထက်တိတ်ဆိတ်နေသလို ဒေါ်ဒေါ်ကိုလဲမတွေ့ရ ဒီကိုအလာတုန်းက တူရိယာအခန်းတံခါးလေးဖွင့်နေလို့ ချောင်းကြည့်မိတော့ ကျွန်တော့်ဘဲပေါက်လေးသည် ဆိုဖက်လေးထက်ခါးလေးမတ်ကာ လက်ကလေးတွေကလဲ ပေါင်လေးတွေပေါ်တင်ထားကာ ငြိမ်သက်နေသည်အရုပ်လေးချထားတဲ့အတိုင်းပဲ။

တူရိယာအခန်းထဲကျွန်တော့်ဘဲပေါက်လေးဘာလုပ်နေလဲဆိုတာသိချင်စိတ်ဖြင့် ခိုးကြောင်ခိုးဝှက်နဲ့ ဖွင့်ထားတဲ့ပြတင်းပေါက်တွေဆီရောက်လို့သွား၏။

ခုနကဘဲပေါက်လေးတစ်ယောက်ထဲ အခုတော့သူ့အဖေနှင့်အတူရှိနေ၏။ပြတင်ပေါက်ဖွင့်ထားတယ်ဆိုပေမဲ့ အထဲတွင်မှန်တံခါးတစ်ချပ်ခံနေတာကြောင့် ဘာတွေပြောနေမှန်းတော့မကြားရ။

absquatulateUnde poveștirile trăiesc. Descoperă acum