Part-5

400 47 3
                                    

"ဒီနေ့ရောထယ်မပါဘူးလား…"

"ပိန်းဥကိုပိုသဘောကျနေသလိုပဲ သူ့ပဲတယောသင်းခိုင်းလိုက်ရမလား"

"ထယ်ကတယောတီးတတ်တာလား"

"မတီးတတ်ပါဘူး ဘာလဲတီးတတ်ရင်အတည်သင်ခိုင်းမလို့လား…"

လေယူလေသိမ်းတွေကြောင့် Jiminရီမိသွားသည်၊ ဒေါ်လေးပြောဖူးတယ် Jungkookကသူစိတ်ဆိုးရင် နှုတ်ခမ်းလေးကိုထော်ထားတတ်တယ်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးကိုလဲ ပိုဝိုင်းအောင်ပြူးထားတတ်တယ်တဲ့ စိတ်ဆိုးနေတဲ့အချိန်မှာJungkookကချစ်ဖို့အကောင်းဆုံးပါတဲ့လေ။

Jiminလဲထိုပုံစံလေးကိုပုံပေါ်ကြည့်ပြီး ရီမိသွားတာ မျက်လုံးလေးတွေသာမြင်ရရင် Jungkookကိုကိုက်ချားမိမလားမသိဘူး။

"ဘာလဲစိတ်ဆိုးတာလားမင်းက…"

"စိတ်ဆိုးတယ်လို့လဲမဟုတ်ပါဘူး ကျွန်တော့်ထက်ပိန်းဥကိုပိုခင်နေတော့ ဝမ်းနည်းမိတာ"

"ဝမ်းနည်းတယ်…"

"အင်း…"

"ဘာလို့လဲ"

"မသိဘူး....ဒီတိုင်းပဲ…"

ဝန်မခံချင်တဲ့ခံစားချက်တွေ ခေါင်စဉ်ရေရေရာရာမရှိတဲ့ခံစားချက်တွေ ထိုခံစားချက်တွေကိုအဖြေမရှာမိရင်ကောင်းသား။

"အစ်ကိုလေး..... ဂယူဂျင်းကဒါပြီးရင်စကားခဏပြောရအောင်ပါတဲ့…"

"မအားဘူးလို့ပြောလိုက်ပါဒေါ်လေး…"

ဒေါ်လေးလဲဆက်မမေးတော့ပဲ ပြောခိုင်းတဲ့အတိုင်းသာသွားပြောလိုက်တော့ တစ်ဖက်ကရှူးရှူးရှားရှားဖြစ်ကာ ဒေါသထွက်ပြီးအိမ်အပြင်ထွက်သွား၏။

"Jungkookငါ့ကိုမမေးတော့ဘူးလား…"

"ဘာကိုလဲ…"

"ဂယူဂျင်းကဘယ်သူလဲဆိုတာ…"

"ကျွန်တော့်အထင်တော့ သူ့အကြောင်းကJiminနဲ့ကျွန်တော့်ရဲ့စကားဝိုင်းမှာထည့်ပြောဖို့အထိမလိုအပ်ဘူးထင်လို့…"

Jiminမျက်နှာလေးပြုံးရိပ်သန်းကာ ခေါင်းလေးတငြိမ့်ငြိမ့်။

Jiminအဖေနောက်အိမ်ထောင်ပြုလိုက်ကြောင်းကို Jungkookသိထားပြီးပါပြီ သူတို့မှာJiminနဲ့ရွယ်တူသားတစ်ယောက်ရှိကြောင်းလဲသိထားပါတယ်၊ တစ်ခါတစ်လေ ထိုလူ့ကိုဧည့်ခန်းမှာတွေ့ရတတ်သည်။

absquatulateUnde poveștirile trăiesc. Descoperă acum