Part-6

381 48 4
                                    

"ဟို…ဒီကအစ်ကိုလေးတို့ကို အကူညီတစ်ခုလောက်တောင်းလို့ရမလား"

အိမ်အကူလေးသည် နွားနို့ဗန်းလေးကိုင်ကာ မျက်နှာတစ်ခုလုံးနီမြန်းနေ၏။

"ဘာများလဲ…"

"ဟို…ဟိုလေ…ဒီဗန်းလေးကိုသခင်လေးJiminဆီပို့ပေးလို့ရမလား…ကျွန်မ…ကျွန်မ…အရေးတကြီး… ဗိုက်…ဗိုက်နာ…"

ကောင်မလေးပုံစံသည်စကာတောင်ဆက်မပြောနိုင်တော့ စောင့်စောင့်လေးထိုင်ချလိုက်သည်။

"ကူညီပါအစ်ကိုလေးတို့ရယ် ကျွန်မတစ်ကယ်မရတော့လို့ပါ…"

အခြားအိမ်အကူလေးကိုကူညီတောင်းလိုက်ပါလားလို့ပြောချင်ပေမဲ့ အခြားအိမ်အကူလေးတွေက မီးဖိုချောင်နဲ့ ခြံဝန်းထဲမှာအလုပ်တွေရှုပ်နေကြ၏။နောက်ဆုံးငြင်းလို့လဲမကောင်းတော့ ပိန်းဥကိုပါခေါ်ကာ ထိုကောင်မလေးပြောတဲ့အခန်းဆီလှေကားတွေအတိုင်းတက်လာလိုက်သည်။

"‌ဒီကနေတက်သွားရင်ဒုတိယမြှောက်အခန်းတဲ့ဟုတ်တယ်မလားပိန်းဥ…"

"ဘယ်သိမလဲကွ…"

"သူပြောတုန်းကမင်းဘာလုပ်နေတာလဲ"

"မကြားလိုက်ဘူးကွ…"

"ဘာမှကိုသုံးစားမရဘူး…"

ပိန်းဥကိုနှာခေါင်းရှုံးတော့ ပိန်းဥကလဲလက်ဖြင့်ရွယ်ကာ ပွစိပွစိနဲ့၊ နွားနို့ဗန်းလေးကJungkookလက်ထဲမှာမို့ ပိန်းဥသူ့ကိုလုပ်ခဲ့ရင်တောင် ဒီအချိန်မှာသူဘာမှပြန်လုပ်လို့မရဘူး။

လှေကားထစ်တွေဆုံးသွားတော့ ဒုတိယအထပ်ကိုသူတို့ရောက်လာကြ၏။အခန်းနှစ်ခန်းကိုလဲမြင်နေရပြီး အရှေ့ကထောင့်ချိုးလေးဘက်တွေမှာလဲ အခန်းတွေရှိလိမ့်အုံးမည်ဖြစ်တယ်။

နှစ်ဦးသားပထမဆုံးအခန်းကိုနားလေးကပ်ကာ နားစွင့်မိ၏။အထဲတွင်ဘာအသံမှမကြားရပါ။

"ဖွင့်လိုက်ရမလား…"

တံခါးလက်ကိုင်ကိုလှမ်းနေတဲ့ပိန်းဥလက်တွေကိုလှမ်းတားလိုက်သည်။

"နေအုံး…မဟုတ်ရင်ငါတို့ဘယ်လိုလုပ်ကြမလဲ…"

"ဘာတွေကြောက်နေတာလဲ Jiminဆီနွာနို့လာပို့တာလို့ပြောလိုက်မှာပေါ့ ငါတို့ကမဟုတ်တာလုပ်မဲ့သူတွေမှမဟုတ်တာ…"

absquatulateDove le storie prendono vita. Scoprilo ora