P-14

276 28 2
                                    

အရောင်‌အသွေးစုံလင်နေတဲ့ Moss roseပန်းတွေက သူ့အရှေ့မှာ အပြိုင်အဆိုင် ပွင့်နေကြတယ်။

မနက်ခင်းနေရောင်အောက်မှာ သူတို့တွေ ယိမ်းနွှဲ့နေတာက တေးသွားတစ်ပုဒ်နှင့် ကပြဖျော်ဖြေနေသလိုပဲ။

သူ့မျက်ရည်တွေက ပါးပေါ်ကနေ တစ်ဆင့်ချင်း လိမ့်ကာဆင်းသွားတယ်။

သူငိုနေစရာမလိုပါဘူး၊ ငိုသင့်စရာလည်း မရှိပါဘူး။
အချိန်တန်ရင် အဆင်ပြေသွားမှာပါဆိုပြီး သတိကပ်ဖို့ပဲ။

Satangက သူ့ကို Moss roseပန်းခင်းနဲ့ ပစ်ထားခဲ့ပြီး သူ(Satang)နေကောင်းပြီးကတည်းက ပျောက်သွားတာ။

အဲဒီနေ့က ခြံ‌နောက်ဘက်မှာ တစ်နေ့လယ်လုံး မိုးရေစိုခံပြီး ပန်းပင်တွေစိုက်နေခဲ့တာတဲ့လေ၊ နောက်တော့ မပြောမဆိုနဲ့ သူ့ကို အဆက်အသွယ်ဖြတ်သွားခဲ့တာပဲ။

အနည်းဆုံးတော့ စာရေးပြီး ချန်ထားခဲ့တာတောင် မဟုတ်ဘူး၊ အခုကျတော့ ကျန်ခဲ့တဲ့သူက အရူးတစ်ယောက်လိုပဲ။

သို့ပေမယ့် သူထိုင်ပြီး ခံစားနေလို့မရဘူး၊ Fordက သူ့အိမ်မှာ ရောက်နေတယ်၊ သူ့ရဲ့ ဒီလိုပြိုလဲနေတဲ့ပုံကို Satang ကလွဲလို့ တခြားသူကို မပြချင်ဘူး။

မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး ခေါင်းကို မော့ထားလိုက်သည်။

Fordရဲ့ အလန့်တကြားအော်သံက သူ့နားထဲကို အရှိန်ပြင်းပြင်းနှင့် ရိုက်ခတ်လာတော့သည်။

"P'Winny ကယ်ပါဦး"

"Ford.. Fordဘာဖြစ်လို့လဲ"

အိမ်ထဲကို ဝေ့ဝဲရှာလိုက်သည်၊ Fordရဲ့ အကူအညီတောင်းသံကလွဲပြီး လူကို မမြင်ရပေ။

"ကယ်ပါဦး ကျွန်ဝောာ့်ကို ကယ်ပါဦး"

ထိတ်လန့်စွာအကူအညီတောင်းသံက တစ်အိမ်လုံးလွှမ်းမိုးနေသလိုပဲ၊ သူ့ဦးနှောက်တွေ ခြောက်လာပြီ၊ သူ့အိမ်ထဲမှာ ဘာတွေဖြစ်ပျက်နေတာလဲ။

"ဘာတွေဖြစ်သွားတာလဲ"

Winnyက သူ့အခန်းထဲမှ သွေးပျက်စရာမြင်ကွင်းကို မြင်လိုက်ရသည်။

ဖွေးနုနေတဲ့ Fordမျက်နှာက ထိုးကြိတ်ခံထားရပြီး ဒါဏ်ရာတွေနဲ့ သတိမေ့မြောနေတယ်။
ဒါက သူမလာခင်အခိုက်အတန့်မှာ ဖြစ်ပျက်သွားတာကို မယုံနိုင်ဘူး။

Why Are You So Obsessed With Me? [Completed]Where stories live. Discover now