P-9

295 24 12
                                    

IGမှာ Satangတင်ထားတဲ့ postကို တွေ့ပြီး သူ့ဦးနှောက်လေးက အလုပ်လုပ်ရပြီ၊ ဘာကို ပထ‌မခြေလှမ်းလဲ။
ငါနဲ့ အပေါင်းအသင်းလုပ်ရတာကို တကူးတက လုပ်နေတာလား၊ အဲ့သလိုလား။

Postမှာ တစ်စုံတစ်ယောက်က Satangရဲ့ လက်ရာကို စားချင်တယ်လို့ရေးထားတယ်။
သူစားချင်နေလည်း စားရမှာမဟုတ်ဘူး။
ဒီနေ့တစ်နေ့တည်းမှာပင် Satangရဲ့ ဟင်းချင်လက်ရာကို သူနှစ်ခါတောင် စားလိုက်ရတာ။

Winny : ဟင်းရည်အတွက် ကျေးဇူးပါပဲ သူငယ်ချင်းလေးရေ

မစားရတဲ့တစ်ယောက်ကို ဒီဟင်းရည်က သူ့အတွက်ဆိုတာကို သိစေချင်တာကြောင့် စာချန်ထားခဲ့လိုက်တယ်။
လုပ်ချင်တာ လုပ်ပြီးသွားချိန်မှာတော့ သူ့မျက်နှာထက်မှာ အောင်နိုင်သူအပြုံးကြီးက ပေါ်လာတော့တယ်။

"P' Winny..ဘာတွေ အဲဒီလောက်ပြုံးနေတာလဲ"

"ပြုံးတာအရမ်းများသွားတာလား"

"အင်း အရမ်းပဲ Phi"

"N'frod မပြန်သေးဘူးလား"

"ပြန်တော့မလို့ပဲ၊ Phi ပြုံးနေတာတွေ့လို့ လာမေးတာ"

"Cakeစားချင်လား"

"Phiဝယ်ကျွေးမှာလား၊ ဝယ်ကျွေးမယ်ဆို လိုက်ခဲ့မယ်"

"သွားကြတာပေါ့"

Fordက Winnyဆိုင်ကယ်ကိုလက်ညှိုးထိုးလျက်...

"Phi..မယူဘူးလား"

"မေ့တာ"

"ဘာတွေတွေးနေရပြန်တာတုန်း၊ ဝယ်ကျွေးရမှာ ကြောက်နေတာလား"

"မင်းအစ်ကိုကြီးကို ကပ်စေးနှဲလို့ ထင်‌နေတာလားကွ"

"ဟုတ်တာပေါ့"

"ငါ့ကို ကပ်စေးနှဲတယ်လို့ ‌ထောက်ခံလိုက်တာလား"

Winnyက Fordကို လှမ်းဖက်ကာ ထိုကောင်လေး၏ခေါင်းကို သူ့လက်မောင်းကြားထဲသို့ ညှပ်လိုက်ပြီး ဆံပင်တွေကို ဖွပစ်လိုက်တော့သည်။

"Phi..မလုပ်နဲ့လေ"

"ကောင်စုတ်လေး"

ထို့နောက် ရယ်ရယ်မောမောနှင့်ပင် နှစ်ယောက်သား cakeဆိုင်သို့ ထွက်သွားကြသည်။

"ပျော်နေတယ်ပေါ့လေ"

မီးအလင်းရောင်ကင်းမဲ့နေတဲ့ ထောင့်တစ်နေရာမှ လူသည် မျက်လုံးသေတွေနဲ့ ကြည့်နေပြီး မကျေနပ်သည့်အသံဖြင့်ပြောသည်။

Why Are You So Obsessed With Me? [Completed]Where stories live. Discover now