P-8

295 25 5
                                    

Satangက အိပ်ချင်သေးပေမယ့် မထမဖြစ်ထရတော့တယ်၊ ဒီနေ့က Winnyကို အလုပ်သွားပို့ပေးဖို့ရှိနေတာကြောင့်ပင်။
မနေ့က သူတို့စကားပြောကြတာ ညဉ့်နက်သွားတာဖြစ်လို့ Winnyကတော့ ဒီအချိန်ထဦးမှာမဟုတ်ဘူး။

Winnyအတွက် အမူးပြေဟင်းရည်လုပ်ပေးဖို့ အကြံရလိုက်တယ်၊ ဟုတ်တာပဲ..သူ့အချစ်ကလေးက မနေ့က သောက်ထားတာလေ။

'အချစ်ကလေး..ငါ အခုအချစ်ကလေးလို့သုံးလိုက်တာလား၊ တကယ့်ငကြောင်ပဲ'
တွေးရင်းနဲ့ပင် ဟင်းရည်အတွက်လိုအပ်တာတွေကို လိုင်းပေါ်မှာရှာကြည့်နေတယ်။
သူချက်ပြုတ်နေတဲ့ ပုံအချို့ကို ရိုက်ပြီး IG postတင်လိုက်သည်။

Satangks: (ပထမဆုံး‌ခြေလှမ်းက အမူးပြေဟင်းရည်)

ထို့နောက် အကုန်ပြင်ဆင်ပြီးတာနှင့် ရေချိုးကာ သပ်သပ်ရပ်ရပ်ဝတ်ထားလိုက်သည်။

Winnyဆီမှ ချိန်းဆိုမှုမလာသေးသော်ငြား Satangက လမ်းတစ်ဝက်ပင် ရောက်နေပြီဖြစ်သည်။

သူရောက်တော့ Winnyက အိပ်ရာနိုးနေပြီ၊ ဒါပေမဲ့ ထိုကောင်ကလေးဟာ အိပ်မှုန်စုံမွှားပဲ ရှိသေးတယ်။
ဒါက ချစ်စရာကောင်းလွန်းလို့ သူ့နှလုံးသားလေးက နာကျင်လာပြီဖြစ်တယ်။
မခံစားနိုင်တော့ဘူး၊ ထိုချစ်စရာလေးကို ဖွက်ထားလိုက်ချင်တယ်။

"အစောကြီး ဘာလာလုပ်တာ‌လဲ"

"မလာရဘူးလား"

"အေး ဟုတ်တယ်"

"ဒါဆို ပြန်ပြီ"

"နေဦး...
လက်ထဲက ဘာလဲ"

"ဘာမှမဟုတ်ဘူး၊ တစ်ယောက်ယောက်ကိုပေးမလို့ဘဲ ပြန်ခိုင်းနေတော့လည်း ပြန်ယူသွားမလို့"

"ပြန်လို့ ပြောမိလို့လား"

Winnyက ထိုသို့ပြောဆိုပြီး အိမ်အထဲသို့ အရှေ့မှ ခပ်သုတ်သုတ်ဝင်သွားလေတယ်။
Satangက ရယ်လျက်ပင် အနောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့တယ်။

"အမူးပြေဟင်းရည်သောက်လိုက်"

"ဝယ်လာတာလား"

"ဟုတ်တယ် ဆိုင်ရှင်အန်တီကို ဓါးပြတိုက်လာတာ"

"ဟားဟား ငကြောင်"

Why Are You So Obsessed With Me? [Completed]Where stories live. Discover now