P-17

389 25 5
                                    

သူ့ဘေးနားက နေရာမှာ လစ်လပ်နေတာကို Satangသတိပြုမိလိုက်သည်၊ မနေ့က အမူးသမားလေးက ဒီမနက်ကို စောစောစီးစီးအိပ်ရာထနေတာလား။

မနေ့ညက အနမ်းတစ်ခုကို ပြန်သတိရပြီး အပြုံးကြီးကြီးပြုံးလိုက်တယ်၊ ခေါင်းအုံးထဲ ခေါင်းကို ပြန်နစ်ချလိုက်ပြီး Winnyလာနှိုးမှာကို စောင့်နေခဲ့တယ်။

အချိန်အတိုင်းအတာတစ်ခုသာကြာပြီး သူပြန်အိပ်ပျော်သွားခဲ့တယ်၊ ဒါပေမဲ့ Winnyပေါ်မလာခဲ့ဘူး။

နောက်တစ်ခေါက်ပြန်နိုးလာတော့ နေ့လယ်ခင်းလောက်ရှိနေပြီ၊ သူအသံကုန်မြှင့်ပြီး အော်ခေါ်လိုက်တော့တယ်။

"အချစ်ကလေးရေ.."

ထူးသံမကြားတာမလို့ နောက်တစ်ခေါက်ထပ်ခေါ်ပြန်တယ်၊ သူ့အသံက အိမ်ကို ကျယ်ကျယ်ပြန့်ပြန့်မရောက်နိုင်တာမလို့ ထပြီးသာ ရှာဖို့ပြင်လိုက်တော့တယ်။

"အချစ်ကလေး"

"အချစ်ကလေး"

အိမ်ဝန်းကျင်တစ်ခုလုံး နှံ့စပ်အောင်ရှာပြီးသွားတော့ သူအတော်လေးမောသွားပြီ၊ သို့ပေမယ့် သူ့အချစ်ကလေးရဲ့ အရိပ်အယောင်တစ်စက်ကလေးမျှ မမြင်ခဲ့ရဘူး။

"အချစ်ကလေး..မင်းဘယ်ရောက်နေတာလဲ"

Ph အဝင်‌callကြောင့် သူက စိုးရိမ်တကြီးမေးတော့သည်။

"ပျော်စရာလေးတွေ ဖန်တီးဖို့ပေါ့ အစ်ကိုရာ"

"မင်း!"

"အစ်ကို့‌ရည်းစားလေးက ကျွန်တော့်ဆီရောက်နေပြန်ပြီ၊ အစ်ကို့ထက် ကျွန်တော့်ကို ပိုလိုချင်ပုံပဲ"

"ခွေးကောင်..ထပ်ပြီး မင်းပဲလား"

Boomက သူ့phဆီကို ပုံတစ်ပုံပို့လာသည်။
အရင်တစ်ခေါက်ကလို့ နမ်းနေတဲ့ပုံမဟုတ်ဘဲ Winnyက ဒါဏ်ရာအချို့နဲ့ပဲဖြစ်တယ်၊ သူ့ခေါင်းမှ သွေးအချို့က စီးကျနေဆဲဖြစ်တာကို Satangသတိထားမိလိုက်တယ်။
သူ့ရည်စားလေးရဲ့ မျက်နှာချောချောလေးက နာကျင်မှုကြောင့် ရှုံ့မဲ့နေတယ်။

Boomကို သူphပြန်ခေါ်လိုက်တယ်၊ သူဒေါသထွက်နေလွန်းလို့ phတောင်သေချာမကိုင်နိုင်ဘူး။

Why Are You So Obsessed With Me? [Completed]जहाँ कहानियाँ रहती हैं। अभी खोजें