P-6

298 26 8
                                    

Satangks: အပြင်သွားထားတာလား

- ပြန်ရောက်ပြီလား

- ငါ့ကိုစာပြန်ဦး

- Winny..မင်း ငါ့စာတွေကို မမြင်ဘူးလား

- မင်းပုံက ချစ်စရာကောင်းနေတယ်

Winny: များလိုက်တဲ့စာတွေကွာ

Satangဆီက Typingပေါ်နေလို့ သူအချိန်ကြာကြာစောင့်နေခဲ့ရတယ်။

Satangks: ဒါပေမဲ့

Winny :ဘာဒါပေမဲ့လဲ

S: ငါမကြိုက်ဘူး

W: ဘာတွေလာပြောနေတာလဲ၊ ငါအေးအေးဆေးဆေး မူးပါရစေဦး

S: မင်းတခြားတစ်ယောက်နဲ့ရှိနေတာကို ငါမကြိုက်ဘူး Winny, အထူးသဖြင့် မင်းကို ငါကလွဲပြီး ဘယ်သူနဲ့မှ မရှိစေချင်ဘူး

W: မင်းဘာတွေလာပြောနေတာလဲ

Satangဆီက ပြန်စာမလာတော့ဘူး။

ပြီးတော့ သူ့အိမ်အောက်ထဲက ခြေသံကြားလိုက်ရတယ်။
တစ်ဆက်တည်းမှာ လှေကားပေါ်ကို တစ်ဆင့်ချင်းတက်လာတဲ့ ခြေသံတွေက သူ့နားထဲကို ကျယ်လောင်စွာ ဝင်ရောက်လာသလို အပြင်က မိုးရွာသံကိုပါ ကြားလိုက်ရ၏။

အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တယ်၊ အဲဒါက သူ့တံခါးကိုပါ ပြင်းအားများစွာနဲ့ အတင်းဖွင့်ဖို့ ကြိုးစားနေတယ်။
ဒါက ဘယ်သူလဲမသိသ၍ သူတံခါးကို ပိတ်ထားဖို့စဉ်းစားမိလို့ ကုတင်ပေါ်က ပြေးဆင်းပေမယ့် အချိန်မမှီတော့ဘူး။

တံခါးက ပွင့်သွားပြီ၊ တစ်အိမ်လုံးက မှောင်မဲသွားတယ်။

လျှပ်စီးဖျက်ခနဲလက်တဲ့အချိန် အပြင်တံခါးက ဝင်လာတဲ့အလင်းကြောင့် မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရတယ်၊ သူ့အခန်းတံခါးဝက လူက...

"Hello အချစ်ကလေး"

မီးတွေက ပြန်လင်းလာပြီး ထိုသူရဲ့မူမမှန်တဲ့အပြုံးကို သတိပြုမိခဲ့တယ်။

"Satang မင်း ဘာလာလုပ်တာလဲ"

"အချစ်ကလေး‌ဆီ လာတာလေ"

"ဘယ်လိုဝင်လာတာလဲ"

"မင်း အရမ်းစကားများတယ် အချစ်ကလေး, ကိုယ် နားငြီးမခံနိုင်ဘူး"

သူ့ဆီတစ်လှမ်းချင်းလျှောက်လာကာ သူ့ကို( အချစ်ကလေး) ဟု ခေါ်နေသည်က ထိတ်လန့်မှုဖြစ်စေလာသည်။ satang က satangမဟုတ်‌၊ သူရင်းနီးဖူးတဲ့ satangလိုမျိုးမဟုတ်ဘူး။ သူ့အပြုံးတွေက သူ့ကို ခဲတောင့်သွားစေသလိုပဲ။ ရှေ့သို့တိုးလာလျှင်‌ နောက်သို့ဆုတ်နေခဲ့သဖြင့် မတ်တပ်ရပ်နေရင်းမှ ကုတင်ပေါ်သို့ ပြန်ထိုင်မိသည်။

တစ််ခုခုမူမှန်တာနဲ့ ထိုလူကို ရင်ဆိုင်ဖို့ အနီးအနားရှိ မီးအိမ်ဆီကိုပါ ချဉ်းကပ်ထားလိုက်တော့သည်။
Satangက ဒါကို ရိပ်မိတယ်၊ သူ(satang) က အရှေ့ရှိခုံပေါ်ကို လျင်မြန်စွာပဲ ဝင်ထိုင်လိုက်တယ်။

"ကိုယ်က အချစ်ကလေးကို နာကျင်အောင် မလုပ်ပါဘူး"

"မူးနေတာလား satang, ငါ့ကို တိကျတဲ့ အဖြေတစ်ခုပေးစမ်း၊ ဘောပဲ...ဘာသောက်ရူးလာထနေတာလဲ။
ငါက မင်းကို ကြောက်နေမယ်ထင်လား၊ သောက်ရူးကောင် Kittiphop..မင်းသောက်ခွက်ပေါ်က အပြုံးကို ပြင်လိုက်စမ်း၊ ပြင်ပြီးတာနဲ့ ငါ့အိမ်ထဲကို ဘယ်လိုဖြစ်ပြီးရောက်လာတာလဲကို ရှင်းပြလိုက်တော့"

"မင်း သောက်ပေါက်ပိတ်ထား"

Satangက မြန်ဆန်စွာပင် ခုံမှထလာပြီး သူကတော့ satangရဲ့တွန်းလှဲခြင်းခံလိုက်ရတယ်။ အောက်က ကုတင်ဖြစ်နေတာကြောင့်တော်သေးတယ်၊ မဟုတ်ရင် သူ့အရိုးတွေ ကျိုးကြေနေလောက်ပြီ။
Satangက သူ့ပါးတွေကို သူ့(satang)လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်ထားလျက် အပေါ်ကနေ သူ့ကိုအုပ်မိုးထားသည်။

"မင်းကို ငါပဲ သိမ်းထားမှာ"

"ငါ့ကို ဘာထင်နေတာလဲ"

"အချစ်ကလေး မင်း ကိုယ့်စကားကို နားထောင်စမ်း"

ဒါက အမိန့်သံပဲ။
သူဒါကို လန့်နေပြီလို့ ခံစားလာရတယ်၊ Satangရဲ့ ပြောင်းလဲမှုကြီးက သူ့ကို ထိတ်လန့်နေစေပြီ။
Satangရဲ့မျက်လုံးတွေထဲမှာ သူသိတဲ့ satangကို လိုက်ရှာနေခဲ့တယ်။
သူ့ပါးတွေ ပိုဖျစ်ညှစ်ခံနေရတယ်။

"မင်းရဲ့ ချစ်စရာအပြုအမူတွေက အစ မင်းတစ်ကိုယ်လုံး ကိုယ်ပဲသိမ်းထားမှာ၊ ကြားလား ကိုယ့်အပိုင်လေး"

"တော်လိုက်တော့ သောက်ရူးကောင်၊ kittiphop ခင်ဗျားက ရူးနေတာပဲ"

သူရုန်းကန်လိုက်သည်၊ သူ့အပေါ်မှ Satangဖယ်ရှားအောင် လှုပ်ရှားလိုက်သည်။
ဒါက ထင်ထားသလိုမဖြစ်ဘူး၊ နည်းနည်းလေးမျှတောင် မရွေ့သွားခဲ့ဘူး။

"မင်း ကိုယ့်ကို ငြင်းပယ်လို့မရဘူး"

သူ၏ နားအနားကိုကပ်ပြောလာ‌တာကြောင့် တုန်လှုပ်သွားရသည်။

---

[လိုတာရှိရင် ထောက်ပေးကြပါဦး၊ အမှားတွေလည်း မမြင်တော့ဘူး။]

(30.sep.23)

Why Are You So Obsessed With Me? [Completed]Where stories live. Discover now