P-4

350 31 15
                                    

Satangကို အရင်ရက်ကပဲတွေ့ခဲ့တာ၊
သူ ဆိုင်ကို ထပ်မလာတော့တာကို ငါသတိပြုမိခဲ့တယ်။

ဒါပေမဲ့ ဒါက ကောင်းတာပဲ။
အဲဒီလို ငကြောင်ကောင်နဲ့ ငါက အပေါင်းအသင်းမလုပ်ချင်ပါဘူး။
နေပါဦး..ဘယ်သူကရော အပေါင်းအသင်းလုပ်မယ်လို့ ပြောမိလို့လဲ။

မနက်စောစောကို အဝင် callရရှိနေတယ်၊ သို့ပေမယ့် Winnyမကိုင်ချင်ဘူး။ Satangရဲ့ အကြောင်းကို သူတွေးနေတာ။
'မဟုတ်ပါဘူး..ငါမတွေးဘူး'

Ph callက Fourthဆီက ဖြစ်တယ်၊ Phကို အတော်လေးကြာမှ ကိုင်ခဲ့တော့...

"ချီးပဲ..သေနေ‌တာလား၊ မင်းကို ခေါ်နေတာ ဘယ်လောက်ကြာပြီလဲ ငနွားရဲ့"

"မင်းရည်းစားမဟုတ်ဘူး"

"သောက်ကောင်းကျိုးမပေးဘူး။ အပြင်သွားမလို့ ငနွားရဲ့၊ ပြီးရင် လာခေါ်မယ် အသင့်ပြင်ထား"

"ကောင်းကျိုးမပေးတာ‌မင်းလေ"

Winnyက Ph မျက်နှာပြင်ကို လက်ခလယ်ထောင်လျက် ပြလိုက်တော့တယ်၊ Fourthမမြင်ရပေမယ့်ပေါ့။

သိပ်မကြာဘူး..သူ့အိမ်ရှေ့က ကားဟွန်းတီးသံကို ကြားလိုက်ရတယ်။

သူ ချက်ချင်း ဆင်းမသွားဘူး၊ Fourthရဲ့ သွက်လက်တဲ့ ခြေလှမ်းတွေကို သူတစ်ဆက်တည်း ကြားလိုက်ရတာ ဖြစ်လို့ပဲ။

"ကြာလိုက်တာ"

"ပြီးပြီလေ"

"သွားကြတာပေါ့"

Fourthက သူ့ပုခုံးကို လာဖက်လျက် သူ့အခန်းထဲမှ ထွက်ရန်ပြင်သည်။

"ဟိုကောင်တွေပါလား"

Winnyက Prom နဲ့ Captainကို မေးလိုက်သည်။ Gp chatထဲမှာလည်း အပြင်သွားဖို့ တိုင်ပင်ထားတာကို သူ မတွေ့မိပါ။

'ဒါဆိုရင် ဒါက Ai Fourthရဲ့ လက်ချက်ပဲဖြစ်ရမယ်'

"ငါ့ကို သုံးဘီးလုပ်နေတာလား"

[Third wheelလို့ ပြောချင်တာပါ]

Fourthက သူ့ကို ပြုံးစိစိနှင့် ကြည့်လာတယ်။

"ဒီငနွားကတော့ ကန်ခံရတော့မယ်"

Winnyရဲ့ ဆဲဆိုမှုတွေအောက်မှာ Fourthက လိုက်လာရတယ်။
ကားပေါ်မှာ Geminiက အသင့်စောင့်နေတယ်၊ သူတို့ ကားပေါ်တက်တာနဲ့ မောင်းထွက်ဖို့အသင့်ပဲ။

Why Are You So Obsessed With Me? [Completed]Where stories live. Discover now