Ch 22 -သူပဲ

Comincia dall'inizio
                                    

သူက မြေကြီးပေါ်မှာ‌ ထိုင်နေပြီး ဒူးခေါင်းနားမှာ ဓားအိမ်ကိုချထားသည်။ သူ့မျက်လုံးနက်နက်တွေက ကျိနင်းရဲ့လှုပ်ရှားမှုကို လိုက်ကြည့်နေသည်။ သူနိုးလာမှန်းသိတော့ အသံဩဩနှင့်ခေါ်လာသည် "သခင်"

အခုလေးတင်ကအိပ်မက်မက်ခဲ့တာပဲ...

ကျိနင်းသူ့ကိုဝေဝါးစွာနဲ့ ကြည့်နေမိသည်။ ထိုအဖြစ်အပျက်တွေဟာအိပ်မက်ပဲ။ သူတို့ဟာ အရင်ကလိုမဟုတ်တော့သလို ရှပြည်ထောင်ဟာလည်း သမိုင်းကြောင်းထဲမှာနစ်မြုပ်ခဲ့ပြီဖြစ်သည်။

သူ့မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီးခြေထောက် ထောက်ကာအမွေးလေးတွေကို ခါလိုက်သည်။ သူအခု ဘယ်သူပိုင်မှန်းမသိတဲ့ အိပ်ရာပေါ် ရောက်နေတာဖြစ်သည်။

သူအိပ်ပျော်သွားတုန်းက ရင်ချွမ်းချုံရဲ့ရထားလုံးထဲမှာ ရှိနေတာဖြစ်သည်...

အဖြူရောင်ကန့်လန့်ကာ တဖက်မှာငွေရောင်ဆံနွယ်နှင့် နတ်ဆိုးဘုရင်က စားပွဲပေါ်မှာစာရေးနေသည်။ ချိရုဝမ်အသံကြားတော့ လှုပ်ရှားမှုရပ်သွားပြီး ကျိနင်းစီခေါင်း‌ထောင်ကြည့်ကာ မတ်တပ်ရပ်ပြီး မြန်မြန်လျှောက်လာသည်။

မနေ့ကရင်ချွမ်းချုံစီမှာ နေခဲ့တာထင်တယ်။ ကံကောင်းစွာနဲ့ ထိုနှစ်ယောက် သူအိပ်ပျော်နေတုန်း မတိုက်ခိုက်ခဲ့ကြပေ။

သူ အမြီးလေးကို ယမ်းကာခေါ်လိုက်သည် "ချွမ်းချုံ" သူရပ်ဖို့ကြိုးစားလိုက်ပေမဲ့ ချက်ချင်းပြန်ပြုတ်ကျသွားသည်။ သူ့ကိုယ်ကလေးနေပြီး ကိုက်ခဲနေကာ အမြင်အာရုံကလည်း ဝေဝါးနေသည်။

ဘာလို့မသက်မသာကြီးဖြစ်နေတာလဲ...

ကုတင်ပေါ်ကို အသက်မဲ့စွာလှဲချလိုက်ပြီး အမြီးလေးကတွဲလောင်းကျနေသည်။

သူ့ရဲ့မသက်မသာပုံစံကြောင့် ရင်ချွမ်းချုံမျက်မှောင်ကြုံ့မိသည်။ထိုအချိန်မှာပဲ ရထားလုံးအပြင်မှ ကောင်မလေးတစ်ယောက်အသံထွက်လာသည် "ချွမ်းချုံ, ဝင်ခွင့်ပေးဦး,ဟွားရှင်းဆေးပါလာတယ်!"

ဝင်ခွင့်ရလိုက်ပြီးတဲ့နောက်မှာ ယွင်သောင့်ရထားလုံးထဲ ဝင်လာသည်။ သူမရဲ့လှပတဲ့ရတနာအိတ်လေးကို ထုတ်ပြီးဟွားရှင်းဆေးပါတဲ့ သေတ္တာအတော်များများကို စားပွဲပေါ်တင်လိုက်သည်။ သူမကပျော်ရွှင်စွာဖြင့် "ရင်းရွှယ်ဘယ်မှာလဲ? ဟွားရှင်းဆေးလာစားဦး"

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးDove le storie prendono vita. Scoprilo ora