အပိုင်း-၆

149 23 0
                                    

နှစ်​ယောက်သား တစ်​ယောက်နဲ့တစ်​ယောက် စကားများ​နေတာကြ​ကြောင့်လား ဒါမှမဟုတ် လုရီချန်က စားစရာ​တွေ အများကြီး ပြင်ဆင်ထားတာ​ကြောင့်လား စုကျင်းယန်က အများကြီး စားလိုက်ပြီး အချိန်ကို လုံးလုံးမေ့သွားခဲ့တယ်။

စုကျင်းယန် နံရံ​ပေါ်မှာ ချိတ်ထားတဲ့ လျှပ်စစ်နာရီကို သူ​ကြည့်လိုက်​တော့ ​နောက်​ကျ​​​တော့မယ်ဆိုတာ သ​ဘော​ပေါက်သွားပြီး သူ့မျက်လုံး​တွေက ပြူးကျယ်လာပြီး သူအစာနင်လုနီးပါးဖြစ်သွားသည်။

လက်ရှိအချိန်သည် သူ​ကျောင်းကိုပုံမှန်သွားသည့် အချိန်ထက် ခန့်မှန်း​ခြေ နာရီဝက်​လောက်​နောက်ကျ​နေပြီး ပိုပြီး​​လန့်စရာ​ကောင်းတာက အခုချိန်မှာ သူကညအိတ်ဝတ်စုံကို ဝတ်ထားပြီး ​ခြေအိတ်​တောင်မဝတ်ထားခဲ့​ပေ။

​သေစမ်း! ငါ​တော့​သေပြီပဲ။

​နောက်ဆုံးတွင် ရုတ်တရက် အလင်း​သွားသကဲ့သို့ အကြံတစ်ခုက အလင်းကဲ့သို့ ရိုက်ခတ်လာပြီး စုကျင်းယန်က လုချီရန်ဆီသို့ အလျင်အမြန် ​လှည့်ကြည့်လိုက်တယ်။သူ့ကို အပြုံးတစ်ဝက်ဖြင့် ​​မျှော်လင့်တကြီးနဲ့ ရှက်ရွံစွာ ​​မေးလိုက်တယ် "မင်းစက်ဘီး စီးတတ်လား?"

စုကျင်းယန် ​ကျောင်သွား ​ကျောင်းပြန်ကို လမ်း​လျှောက်ရတာကြိုက်ခြင်းမှာ ​နောက်ထပ်အ​ကြောင်းရင်းကြံး တစ်ခုလည်းရှိသည်။သူဒီအ​ကြောင်းကို ဘယ်သူ့ကိုမှမ​ပြောဖူး​ပေ ဘာလို့လဲဆို​​တော့ အရမ်းရှက်စရာ​ကောင်းတယ်လို့ ထင်လို့ဖြစ်သည်။

အဲ့ဒါက သူစက်ဘီးဘယ်လိုစီးရမလဲ မသင်ယူနိုင်​ပေ။

​နောက်ပိုင်း ပို​အိပ်​နိုင်​စေရန် စက်ဘီးဘယ်လိုစီးရမလဲ သင်ယူဖို့ ​သူ​တစ်ကြိမ် တွေးခဲ့ဖူး​သော်လည်း သူ့ဟန်ချက် အာရုံမှာ အမှန်တကယ် ဆိုးရွားပြီး သူ့​ခြေလက်​တွေကလည်း အလွန်အမင်း အချိုးမ​ပြေ​ပေ။အဲ့​​ပေါ်မှာ သူထိုင်လိုက်ပြီး သူ့​ခြေ​ထောက်​တွေကို ​မြေပြင်​ပေါ်က ဖယ်လိုက်တာနဲ့ သူ​မြေကြီး​ပေါ် ပြင်းထန်စွာ လှဲကျသွားလိမ့်မည်။သူ့ခန္ဓာကိုယ်​​ပေါ်က အမှတ်​တွေက ဒါ​ကြောင့်ဖြစ်တာလို့​တောင် ​ပြောလို့ရသည်။

သံသယလွန်ကဲတဲ့ ​ဘောစ့်​​​တွေအားလုံးက ငါ့ရည်း​စား​​တွေWhere stories live. Discover now