အပိုင်း-၁ [​ကျောင်းလူသတ်မှု့]

468 52 5
                                    

အပိုင်း-၁ [​ကျောင်းလူသတ်မှု့]

"စီနီယာ၊ စီနီယာ နား​ထောင်​နေလား?"​ကောင်မ​လေးသည် သူ့မပါးပြင်​တွေက အနည်းငယ် ရှက်​သွေးဖြာ​နေကာ သူ့မလက်​တွေကို ​အနောက်မှာ ဂရုတစိုက်ထားလိုက်ပြီး သူ့မလက်သည်းများကို စိတ်လှုပ်ရှားစွာထိုးဆိတ်​နေလျှက် သူမအ​ရှေ့က ​တွေ​ဝေ​နေ​သော လူငယ်​လေးကို ​မျှော်လင့်တကြီး ကြည့်​နေသည်။

ဒီ​​ကောင်လေး၏ အသွင်အပြင်သည် ထင်ရှား​ပေါ်လွင်ပြီး သူ့မှာဆန်းပြားတဲ့ဆံပင်ပုံစံမရှိ​ပေမယ့် မျက်လုံးများက ကြယ်ပွင့်များကဲ့သို့ ​တောက်ပ​နေပြီး စိတ်ရှုပ်​နေတဲ့အချိန်မှာပင် လူ​တွေကို ကြည်လင်ပြတ်သား​သော စိတ်ခံစားမှု့ကို ​ပေးစွမ်းနိုင်သည်။

အထူးသဖြင့် ​ကောင်​လေး၏ ညာဘက်မျက်လုံး​အောက်က မျက်ရည်ခံမှဲ့သည် မူလက ကြည်လင်​သောမျက်လုံးများကို အနည်းငယ် ဆွဲ​​ဆောင်မှု့ထပ်ပြီး ထည့်လိုက်သည်။

စုကျင်းယန်သည် သူရုတ်တရက် အသိပြန်ဝင်မလာခင် ​ကောင်မ​လေးမှ အကြိမ်​ပေါင်းများစွာ ​ခေါ်ခံလိုက်ရသည်။သူ့စိတ်သည် အနည်းငယ် ရှုပ်​ထွေး​နေဆဲဖြစ်သည်။ထိုအခိုက်တန့်တွင် သူ့နှလုံးက စက္ကန့်အနည်းငယ်​လောက်ရပ်တန့်သွားပြီး သူ့ဦး​နှောက်က ဗလာဖြစ်သွားသလို ခံစားလိုက်ရပြီး အခုပဲ ထူးဆန်းတဲ့ စိတ်ခံစားမှု့ကို ကြုံ​တွေ့လိုက်ရသည်။

"အာ? ​​တောင်းပန်ပါတယ် ငါအခုပဲ စိတ်ရှုပ်သွားလို့ ထပ်ပြီး​ပြော​နိုင်မလား?"

​ကောင်မ​လေးက သူမမျက်လုံးများကိုလိမ့်ရင်း ပြုံးလိုက်သည်။သူ့​မေ့​လျော့တတ်ခြင်း​ကြောင့် သူမက​ဒေါသမထွက်​ပေ "ညီမ​ပြောတာက ညီမ​မွေး​နေ့က ဒီပိတ်ရက်​လေ။ညီမရဲ့ ​မွေး​နေ့ပါတီကို လာနိုင်မလားလို့?"

စကား​ပြောပြီး​နောက် ​ကောင်မ​လေးက သူမမျက်နှာ​ပေါ်မှာ ရှက်​နေတဲ့အမူရာနဲ့ သူ့မ​ခေါင်းကို ထပ်ပြီးငုံ့လိုက်သည်။

စုကျင်းယန်သည် ​ကျောင်း၏ ဂရင်းအော့လစ်စိုက်ပျိုး​ရေး ကလပ်၏ ဒုဥက္ကဠဖြစ်သည်။ဂရင်း​အော့လစ်သည် ​ကျောင်းမှာ အလွန်နာမည်မကြီး​သော ကလပ်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ဒီကလပ်ကို ပါဝင်​သော​ကျောင်းသားများသည် နှစ်ဝက်တစ်ခု​တောင် မရှင်သန်နိုင်ခင် ထွက်သွားကြသည်။

သံသယလွန်ကဲတဲ့ ​ဘောစ့်​​​တွေအားလုံးက ငါ့ရည်း​စား​​တွေWhere stories live. Discover now