အပိုင်း-၅

207 33 1
                                    

"​ကောင်းပြီ ဧည့်သည်ခန်းက ဒီမှာ။"စုကျင်းယန် အခန်းကို ​ညွှန်ပြလိုက်တယ် "မင်းဒီည ဒီမှာအိပ်သင့်တယ်​။"

စကား​ပြောပြီး​နောက် သူ့သမင်လို ကြည်လင်​နေ​သော မျက်လုံးများက တဖျပ်ဖျပ်ခတ်သွားပြီး သူ့မျက်လုံး​​ထောင့်က မျက်ရည်ခံမှဲ့က အ​ပေါ်ကို တက်လာခဲ့သည်။

လုရီချန် သူ့နှုတ်ခမ်း​တွေကို လျှက်လိုက်ပြီး ​ခြောက်​သွေ့​နေတယ်လို့ ခံစားရသည်။

စုကျင်းယန်က သူ့ထူးဆန်းမှု့​တွေကို သတိမထားမိပဲ သူ့အခန်းကို ပြန်သွားခဲ့တယ်။

ထို့​နောက် အိပ်ယာ​ပေါ်မှာ ​သူ့မျက်နှာကို ​​အောက်ကိုလဲ​လျောင်းလိုက်ပြီး ​ခြေ​လက်​များကို ကြယ်ငါးသဏ္ဠာန် ဖြန့်ကားလိုက်သည်။

သူ့စိတ်ထဲကို ဘာ​ပျော်ရွင်စရာ​တွေ ​ရောက်လာလဲမသိ​ပေမယ့် ​ခြေအိတ်မပါတဲ့ ​ခြေ​ထောက်​နှစ်​ချောင်းလေး​က ​လေထဲကို ဆက်တိုက် ကန်​နေပြီး ​သူ့​​ခေါင်းကို ​ခေါင်းဦးထဲတွင် နှစ်မြုပ်ထားကာ ​ခေါင်းဦး​နှင့် သူ့မျက်နှာကို ဆက်ပွတ်တိုက်​နေရငိး အလွန်ချစ်စရာ​ကောင်းလှသည်။

အချိန်ဘယ်​လောက်​ကြာလဲမသိ​အောင် လူးလှိမ့်​နေပြီး လှည့်​နေပြီး​နောက် စုကျင်းယန် ​စောင်ကို ​အေး​အေး​ဆေး​ဆေး ဝင်လိုက်ပြီး အိပ်ဖို့ စီစဥ်လိုက်သည်။

အိပ်ယာမဝင်ခင်တွင် စုကျင်းယန် မ​တွေးပဲမ​နေနိုင်​ပဲ ကံ​ကောင်းလို့ ဒီ​နေ့အိမ်စာအများကြီးမရှိပဲ ​ကျောင်းမှာပဲ ပြီးနိုင်ခဲ့တယ် မဟုတ်ရင် ​သေချာ​ပေါက် ​အေးစက်တဲ့ညဖြစ်​နေ​တော့မယ်။

တိတ်ဆိတ်ပြီး ​မှောက်မိုက်​နေကာ ညသည် အကန့်သတ်မရှိ​ပေ။

အခန်းထဲက မီးအားလုံးကို မှိတ်ထားတဲ့အတွက်​ကြောင့် ၎င်းက ​မှောင်မည်း​နေကာ ပြတင်း​ပေါက်မှ ဖြတ်​ကျော်လာ​သော မှိန်​ဖျော့​ဖျော့ လ​ရောင်သာ ​တောက်ပ​နေပြီး ပတ်ပတ်လည် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ဖြစ်နိုင်ရုံ​​လေးသာရှိသည်။

အနက်​ရောင် ပုံရိပ်သည် ဧည့်ခန်းကို ဖြည်းညင်းစွာ ဖြတ်​ကျော်သွားကာ မြူခိုးတိမ်ကဲ့သို့ အလွန်မဝံမရဲ တိတ်တဆိတ် ဖြတ်​သွားကာ စုကျင်းယန် အခန်းတံခါးကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပြီး လျှင်မြန်စွာ ပြန်ပိတ်လိုက်သည်။

သံသယလွန်ကဲတဲ့ ​ဘောစ့်​​​တွေအားလုံးက ငါ့ရည်း​စား​​တွေWhere stories live. Discover now