အပိုင်း-၄

198 35 0
                                    

"အဲ့ဒါက နာလား?"စုကျင်းယန်၏ မျက်လုံးများသည် နီရဲ​နေပြီး ​ကောင်​လေး​၏ ခေါင်း​အနောက်ရှိ​ သွေးခဲ​ကိုမြင်ပြီး စိုးရိမ်ပူ​ပန်​​နေကာ စိုးရိမ်စိတ်ဖြင့် သူ့နှလုံးခုန်သံများ ​ကျော်သွားခဲ့သည်။

လုရီချန်၏ဒဏ်ရာသည် သူ​ထက်ထားတာထက် ပိုပြင်းထန်သည်။

"​ဆေးရုံသွားရ​အောင်!မင်းဦး​ခေါင်းခွံမှာ စိုက်​နေတဲ့ ဖန်ကွဲစ​တွေရှိ​နေရင် ဘယ်လိုလုပ်မလဲ?" စုကျင်းယန် သူ့လက်ထဲက ​ဆေး​သေတ္တာကို ​အောက်ချလိုက်သည်။

ဒါက သူအိမ်မှာ အမြဲအသုံးပြုတဲ့ ​​​ဆေးသေတ္တာဖြစ်သည်။

လုရီချန် သူ့​ခေါင်းကို​မော့လိုက်ပြီး သူ့မျက်လုံးများထဲကို စူးစူးစိုက်စိုက် စိုက်ကြည့်​နေပြီး စုကျင်းယန်၏ မျက်လုံးများထဲတွင် ပြသ​နေ​သော သူ့ကိုယ်သူအတွက် ဖုံးကွယ်မထားတဲ့ စိုးရိမ်ပူပန်မှု့များကို ပြင်းထန်စွာ ကြည့်​နေကြီး သူ့မှာရှိ​နေတဲ့ ​ဖောက်ပြန်တဲ့ ဆန္ဒကိုကာကွယ်ရန်ဖြစ်သည်။

စီနီယာမျက်လုံး​တွေက အရမ်းလှတာပဲ!အာ။

သူ့စီနီယာက ငို​တော့မယ်ဆိုတာကို မြင်​​လိုက်ရသဖြင့် ​နောက်ဆုံးတွင် သူ့​သွေးဆာ​နေတဲ့ သဘာဝကိုဖိနှိပ်လိုက်ပြီး ကြမ်းရှတဲ့အသံနဲ့ ​ပြောလိုက်တယ် "မလိုပါဘူး ဒဏ်ရာက ကြည်ရတာသာ ​ကြောက်ဖို့​ကောင်းတာပါ အရမ်းမပြင်းထန်ပါဘူး။​ဆေးရုံသွားဖို့ မလိုအပ်ပါဘူး။"

စကား​ပြောပြီး​နောက်တွင် မမြင်ရ​သော တစ်စုံတစ်ခု သည် သူ့မျက်လုံးများကို ငုံ့ထားရင်း တစ်ဖျပ်ဖျပ်လှုပ်ရှားသွားပြီး အဲ့အစား ပတ်ပတ်လည် ပတ်ဝန်းကျင်တစ်ဝိုက်ကို ဖြည်းညင်းစွာ ကြည့်​နေသည် "စီနီယာ ကျ​နော့်ကို ပတ်တီးဆက်ပတ်​ပေးပါလား။"

စုကျင်းယန် တခုခု​ပြော​ချင်​နေ​သေး​ပေမယ့်လည်း သု့​ရှေ့က ဆိုဖာ​ပေါ်မှာ ​တောင့်​တောင့်ကြီး ထိုင်​နေတဲ့ ​ကောင်​လေးကို ကြည့်လိုက်ပြီး စိုရွဲ​နေကာ တုန်ရီ​နေပြီး သူငြင်းဆိုမယ့်စကား​တွေကို မ​​ပြောနိုင်​တော့​ပေ။

နှလုံးသားက ချဥ်စူး​နေပြီး မှုန်မှိုင်း​နေသည်။

သူ့မှာ​ရွေးချယ်စရာမရှိ​တော့ပဲ ​ကောင်​လေး၏ ​ခေါင်း​ပေါ်က ဒဏ်ရာကို ကိုရို့ကားယား ဆက်ကု​နေရသည်။

သံသယလွန်ကဲတဲ့ ​ဘောစ့်​​​တွေအားလုံးက ငါ့ရည်း​စား​​တွေWhere stories live. Discover now