သက်ပိုင်က အားတုံ့အားနာပုံစံလေးနှင့်မေးလာသည်မှာအတော့်ပင်ချစ်စရာကောင်းသည်ဟု စိုင်းထင်မိသည်။

"အလုပ်ကိစ္စကပြီးပါပြီ၊
စက်လင်းလျှံသွားတော့လေ"

"Bossကတော့နော် အမျိုးသားဖြစ်သူရောက်တာနဲ့တပည့်ကိုအတင်းကိုနှင်တော့တာပဲ"

စက်လင်းလျှံက ရွဲ့ကာပြောတော့ Bossကသူ့အား မျက်ထောင့်နီကြီးနှင့်ကြည့်လာသဖြင့် ကြက်သီးများထကာအခန်းထဲမှအမြန်ထွက်လာခဲ့လိုက်လေသည်။

အိမ်ပြန်ပြီး သူ့ယောက်ျားလင်းသန့်
ရင်ခွင်ထဲမှာပဲသွားနေတော့မယ်။

"လေးလေးငယ်"

သက်ပိုင်က ပြောပြောဆိုဆိုနှင့် သူထိုင်နေသော အလုပ်ခုံအနားသို့လာ၍ ခုံ၏လက်ရန်းများအား လက်ထောက်ကာစိုင်းအားအုပ်မိုးကာ ကြည့်လာလေသည်။

"အင်း?"

"လွမ်းလို့"

"သောက်ပို"

စိုင်း ပြောပြောဆိုဆိုနှင့် သက်ပိုင်၏
လည်ပင်းများတွင်လက်များအားချိတ်လိုက်ရင်း ကျီစယ်ကာဆိုလိုက်၏။

"အတည်ပါနော်"

"ယုံသင့်လား"

မျက်လုံးလေးအားမှေးကျင်းကာ
သက်ပိုင်အား ကြည့်လိုက်တော့ အနှီကောင်လေးက ပါးများရဲတက်သွားသည်မှာ လူပျိုလေးတစ်ယောက်လို။

"လေးလေးငယ် ဒါကမြူဆွယ်နေတာပဲ"

"အဲ့တော့ မင်းကဘာလုပ်ချင်လဲ"

"မသိလို့မေးနေတာလား"

သက်ပိုင်က စိုင်းအားပွေ့ချီလိုက်ရင်း အခန်းအတွင်းရှိ ဆိုဖာပေါ်သို့ ခေါ်ဆောင်သွား၏။
ထို့နောက် အပေါ်ကနေ တက်ဖိထားကာ
မသိလျှင် စိုင်းအားဒီနေရာမှာပင် ဝါးမြိုပစ်တော့မည် ဂိုက်နှင့်။

"သောက်ပိုတွေလုပ်မနေနဲ့ ပြောစရာရှိသေးတယ် ငါ့အပေါ်တက်ဖိမထားနဲ့"

ထို့စကားကိုကြားတော့ ချက်ချင်းစိုင်းအားကလေးတစ်ယောက်ကိုပွေ့သလိုမျိုး သက်ပိုင်ကစွေ့ကနဲ
ပေါင်ပေါ်သို့မ တင်လိုက်၏။

"ဒါဆိုလေးလေးငယ်က ကျွန်တော့်အပေါ်ပြန်ဖိလိုက်လေ"

သက်ပိုင် လက်ကိုအငြိမ်မနေပဲ လေးလေးငယ်၏ အင်္ကျီအောက်သို့လက်အားလျှိုသွင်းရင်း ခါးသိမ်သိမ်လေးအားအသာအယာပွတ်သပ်နေမိသည်။

In Love With An Old Mafia(Complete)Tahanan ng mga kuwento. Tumuklas ngayon