Part-14

4K 290 55
                                    

ဒီအသံ...သေချာပေါက် ကိုစက်၏အသံပင်။
လင်းသန့် အားယူစွာဖြင့် သူ၏အရှေ့မှလူအားကြည့်လိုက်သော တကယ်ကြီးကိုစက်ပင်။

အနက်ရောင် ကုတ်အပါးကိုဝတ်ဆင်ထားပြီးအိမ်နေရင်းအဝတ်အစားနှင့် ကိုစက်ကအရင်လိုချောမြဲချောဆဲ။

"ကိုစက်...."

"ရှင်က?"

စက်လင်းလျှံ ကောင်းကောင်းကြီးမြင်လိုက်သည်။ဒီမိန်းကလေးက သူ့အပိုင်ကိုလာထိဖို့ကြိုးစားနေတာကို
အရက်မူးနေတဲ့ကလေးကို လာအခွင့်ကောင်းယူနေတာ...။

"မင်းအပူမပါဘူး.."

ကောင်မလေးက အခြေအနေကိုအနည်းငယ်ရိပ်စားမိသွားသည်ထင်၏
စိတ်ပျက်လက်ပျက်နှင့် လှည့်ထွက်သွားလေတော့သည်။

လင်းသန့်ကတော့ သူ့ပုခုံးပေါ်၌ မှီနေ၍အရက်နံ့များကလည်း ထောင်းထောင်းထနေသည်။

"မင်းအများကြီးသောက်ထားတာလား"

"ဟင့်အင်း နည်းနည်း"

"ဒါလား နည်းနည်းက...
မင်းကအမူးသမားလား"

"ဟင့်အင်း ကျွန်တော်ကအမူးသမား
ဟုတ်ဝူး"

အာလေးလျှာလေးနှင့် စကားပင်မပီတော့သော ကောင်လေးငယ်ကြောင့်စက်လင်းလျှံတိုးဖွဖွရယ်လိုက်သည်။

ထို့နောက်သူ့ပုခုံးပေါ်မှီနေသော ကောင်လေးအားဖက်လိုက်ရင်းတွေးမိသည်။
သူဒီကောင်လေးကိုမထွေးပွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲလေ။

"အဟင့်.."
ဆိုသော ရှိုက်သံနှင့်အတူ တသိမ့်သိမ့်တုန်လာသော ကောင်လေးကြောင့် စိတ်ပူသွားမိသည်။

"ဘာဖြစ်တာလဲ...ခေါင်းအရမ်းမူးနေလို့လား"

"ကိုစက်က ဆိုးတယ်....ကျွန်တော့်ကိုဘာလို့မဆက်သွယ်တာလဲ..ကျွန်တော်စောင့်နေခဲ့တာ...အကြိမ်တိုင်း ကျွန်တော်ကပဲစခေါ်မှဖြစ်မှာလား ဟင်။ကိုစက်ကတကြိမ်လေးဖြစ်ဖြစ် ပြန်မခေါ်နိုင်ဘူးလား..အဲ့လောက်ထိကို ကျွန်တော့်ကိုမတွေ့ချင်တာလား။"

"စောင့်နေခဲ့တာလား"

"ဒီလိုနဲ့ ကျွန်တော်တို့တကယ်
ဝေးတော့မယ်ဗျ သိရဲ့လား။
ကျွန်တော်သာ စပြီးမဆက်သွယ်ရင်
ကျွန်တော်တို့က တကယ်ပဲဝေးတော့မှာ..ကိုစက်က ကျွန်တော့်ကိုဘယ်တော့မှလာတွေ့မှာမဟုတ်မှန်းသိတယ်"

In Love With An Old Mafia(Complete)Where stories live. Discover now