Part-33

2.2K 146 27
                                    

"သက်ပိုင်"

စိုင်း သက်ပိုင်၏လက်အား တင်းတင်းဆုပ်ကိုင်ထားရင်းနှင့် ခေါင်းအားအောက်ကိုငိုက်ချထားမိသည်။
သူ သက်ပိုင်အားမျက်နှာမပြဝံ့ပါချေ။

"အဲ့နေ့က ငါ..."

"လေးလေးငယ် ဒီကိုလာ"

သက်ပိုင်က သူ့အားလမ်းဘေးတစ်နေရာရှိခုံတန်းအလွှတ်ကလေးဆီသို့ဆွဲခေါ်သွား၍ ခုံပေါ်၏ထိုင်စေ၏။
သက်ပိုင်က သူ၏မျက်နှာချင်းဆိုင်မှာ ဒူးတဖက်ထောက်လျက်သား သူ့အားမော့ကြည့်နေသည်။

စိုင်း၏ လက်နှစ်ဖက်အား သက်ပိုင်က အသာအုပ်၍ကိုင်လိုက်ရင်း

"ကျွန်တော် စိတ်ဆိုးနေတယ်
လေးလေးငယ်"

"လေးလေးငယ်က ကျွန်တော့်ကိုအော်တယ်...
အခြားကောင်နဲ့လည်းအတူရှိနေတယ်...
ပြီးတော့ ကျွန်တော့်ရဲ့ တစ်နှစ်ပြည့်ကိုတောင် မေ့နေတယ်..
ကျွန်တော်အရမ်းစိတ်ဆိုးနေတယ်"

"စိတ်မဆိုးပါနဲ့တော့....
ငါမင်းကိုလွမ်းတယ်...အိမ်ကိုပြန်လာပါတော့ ကျေးဇူးပြုပြီး"

ထိုကဲ့သို့ အပြစ်ရှိသံတိုးတိုးကလေးနှင့်စကားဆိုလာသည့် လေးလေးငယ်ဟာသိပ်ကိုချစ်စရာကောင်းလှသည်။

သူလေးလေးငယ်ကိုစိတ်ဆိုးနေတာ
မှန်ပေမဲ့ ဒါဟာခဏပင်ဖြစ်လေသည်။
ချစ်ရသူကို ကြာကြာစိတ်မဆိုးရက်ပါ။
သိပ်ချစ်ရတာမဟုတ်လား။

"လေးလေးငယ်က ကျွန်တော့်ကိုအိမ်ပြန်လာစေချင်တယ်ပေါ့"

"အင်း"

လေးလေးငယ်က ခေါင်းကိုတချက်အသာငြိမ့်ပြသည်။
ဘာကြောင့်မှန်းမသိ ယနေ့လေးလေးငယ်သိပ်လိမ္မာနေသည်ဟုသက်ပိုင်ထင်နေမိ၏။

"ငါ့ကိုစိတ်မပျက်သွားပါနဲ့၊
လေးလေးငယ်မှားတာပါ..အဲ့နေ့ကမင်းကိုမအော်သင့်ဘူး၊ပြီးတော့ အရေးကြီးတဲ့နေ့ကိုမှမေ့သွားတယ်..."

"ကျွန်တော့််ကိုအရမ်းတကိုယ်ကောင်းဆန်တယ်လို့လေးလေးငယ်ထင်လား၊
ကျွန်တော်အရမ်းသဝန်တိုမိသွားတာ...ဒါကြောင့် အဲ့လိုမျိုးဖြစ်သွားရတာပါ၊လေးလေးငယ်နဲ့ပတ်သတ်ရင်အရမ်းလောဘကြီးတာလေးလေးငယ်ရဲ့"

In Love With An Old Mafia(Complete)Opowieści tętniące życiem. Odkryj je teraz