ဟာ...ခန့်ထား မင်းသိပ်အတ္တကြီးလှချည်လား။

နောက်တစ်ယောက်ထပ်အစားထိုးသည်ဆိုကာမှ တကယ်တမ်း ပထမဆုံး မိုးနေရာကိုအစားထိုးပစ်ခဲ့သူက သူကိုယ်တိုင်ဖြစ်နေခဲ့တာကိုတော့ မေ့ပစ်ထားခဲ့မိသည်။

ကိုယ်ကိုယ်တိုင်ကတော့ မိဘစီစဥ်ပေးတဲ့ကောင်မလေးနဲ့​ စေ့စပ်တော့မှာမို့ မိုးကိုလမ်းခွဲခဲ့တာကို မသိချင်ယောင်ဆောင်ထားခဲ့ပြီး မိုးဘက်က ကောင်လေးအသစ်ရတော့မှ အတ္တကြီးစွာ မိုးဘက်ကိုသာ အပစ်တင်နေမိသည့် ခန့်ထား ကိုယ့်ကိုယ်သာ ကျိန်ဆဲလိုက်ချင်ပါသည်။

မိုးအပေါ် ရိုးရိုးသားသားသာဆက်ဆံတော့မည်ဟုတွေးလိုက်ပေမဲ့ ကော်ဖီဆိုင်သို့ရောက်လျှင် ခန့်ထားကိုကောင်းကောင်းနူတ်မဆက်ခဲ့ဘဲ ကော်ဖီဆိုင်သို့သာ အပြေးဝင်သွားသည့် မိုးကြောင့် ခန့်ထား စိတ်ထဲ အလိုမကျဖြစ်မိ၏။

မိုးကခန့်ထားထက် ကောင်လေးအသစ်အပေါ်သာ လုံးဝစိတ်ရောက်နေပြီဆိုတာသိရတော့ ခန့်ထား မိုးရဲ့ကောင်လေးအသစ်အပေါ် မုန်းမိသည်။

ဒါက ကိုယ့်အပေါ်အမြဲကောင်းပေးနေတဲ့သူတစ်ယောက်ရဲ့ဂရုစိုက်မူ့တွေက ရုတ်တရက် ကိုယ့်အပေါ်မဟုတ်တော့သည့် တခြားလူတစ်ယောက်ဖြစ်သွားတာကြောင့် ထိုယူလိုက်တဲ့သူအပေါ် နည်းနည်းမနာလိုမုန်းတီးမိတာကိုတော့ ခန့်ထားအပေါ် မိုးအပြစ်မတင်လောက်ဘူးမလား။

ခန့်ထား စိတ်ညစ်စွာဘဲ အိမ်သို့ပြန်လာခဲ့ရသည်။

အိမ်ပြန်ရောက်ချိန်တွင် အိမ်ရှေ့မှာ ဆီးကြိုစောင့်နေသည့် မေမေ့ကိုမြင်လိုက်ရတာကြောင့် ခန့်ထား ချက်ချင်းဘဲ သုန်မူန်နေသည့်မျက်နှာကိုဖျောက်ကာ အပြုံးဆင်ရင်း မေမေ့ကို နူတ်ဆက်ခဲ့ရသည်။

"မေမေ အထဲမှာ မနေဘဲ ဘာလို့အပြင်ထွက်နေတာလဲ...တော်ကြာနေ အအေးမိနေအုံးမယ် "

ကားပေါ်က ဆင်းလာသည်နှင့် မေမေသည် ခန့်ထားအနားသို့ပြေးလာရင်း_

"ဘယ်လိုလဲသားလေး လက်မှတ်ထိုးပြီးပြီလား "

မေမေ့ပုံံစံက စိတ်လူပ်ရှားလွန်းဟန်ပေါ်နေသည်။မေမေဘယ်အကြောင်းပြောချင်တာလဲ ခန့်ထားခဏစဥ်းစားလိုက်ရ၏။ပြီးမှ အပြင်သွားရတဲ့အဓိကအကြောင်းရင်း ကိုသတိရကာ_

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now