အပိုင်း-၁၇

Começar do início
                                    

"ဆိုးလ်ကပြောင်းလာတာနဲ့ အထီးကျန်ခြင်းတွေအကုန်လုံးကို Jeonghan က ဖျောက်ဖျက်ပေးခဲ့တာ အမေ။ Jeonghan နဲ့ ကျွန်တော့်ကို အမေ့ဘက်က ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မဲ့နေ့ကို စောင့်ပါမယ်။ အမေယုံအောင်လည်း ကျွန်တော်တို့နှစ်ယောက် သက်သေပြပါ့မယ်။ ကျွန်တော် အမေ့စိတ်ကို သေချာပေါက်နားလည်ပါတယ်။ ဒါပေမဲ့လေ ကျွန်တော် အဖေ့ကို မြင်ဖူးခဲ့ခြင်းမရှိဘူး။ ကျွန်တော့် ငယ်ဘဝက အမေနဲ့ပဲ ဖြတ်သန်းခဲ့ဖူးတာမို့ အမေ့ကိုပဲ ကျွန်တော် ခိုကိုးရာတစ်ခုအနေနဲ့ မြင်တယ်"

"အဲ့တာတောင် အမေ့ကို စိတ်ထိခိုက်စေမဲ့ ‌လမ်းကို သားရွေးမှာလား"

သူ့စကားမဆုံးခင် ဖြတ်ပြောလာသည့် အမေ့စကားလုံးတွေက Cheol ရင်ကို အရှင်လတ်လတ်ခွဲနေသလို။ သူ အမေ့ကို ချစ်ပါသည်။ ထုတ်မပြတတ်၍ ထုတ်မပြခဲ့ခြင်းသာ။ အမေ့မျက်လုံးထဲမှာ သူဟာ သားဆိုး တစ်ယောက်အနေနဲ့ ရှိနေခဲ့တာလား။ Cheol တွေးရင်း နာကျင်ရသည်။ သူနဲ့ အမေရဲ့ ဆက်ဆံရေးဟာ ဘယ်အချိန်များမှ ပြေလည်မှာပါလဲ။

"အမေ ကျွန်တော့်ကို မုန်းလား"

Choi Nam Ra က ဆိတ်ငြိမ်စွာဖြင့် ခေါင်းခါသည်။ ယင်းနောက်

" Cheol သားငယ်လေး၊ သားကို မုန်းမဲ့အစား အမေ့မီးတွင်းထဲပဲ ခုန်ချပစ်လိုက်မယ်။ တကယ်လို့ သားပျော်မယ်ဆို...အင်း ပျော်မယ်ဆို သားရွေးချယ်လိုက်ပါ"

အမေ့လေသံက ဖျော့တော့တော့နဲ့မို့ Cheol စိတ်တိုင်းမကျပေ။ အမေ့ဘက်က တစ်ထစ်လျော့ပေးလိုက်ပြီး လက်ခံပေးတာထက် လိုလိုလားလား လက်ခံပေးတာကို သူလိုချင်မိတာပါ။ လောဘကြီးမိတာသိပေမဲ့ အမေ့ရဲ့ အခုလိုစိတ်မျိုးနဲ့ Jeonghan ကို ပေးမတွေ့စေချင်။ အမေ့ရဲ့ မေတ္တာတစ်လုံးတစ်ဝကို သူကိုယ်၌ထက် Jeonghan ကိုသာ ရစေချင်တာ။ အမေ့ရဲ့ အချစ်တွေကို သူနဲ့ Jeonghan ပြိုင်လုရင်း ရယ်မောချင်မိတာ။ Cheol လိုချင်တာ သည်လို အခြေအမြစ်မရှိသည့် ဘဝမျိုးပါ။

"အမေ...စောင့်ကြည့်အုံးမယ်ဆိုလည်း ရပါတယ်"

"အင်း...အမေက သားတို့အရွယ်ကနေ ကြီးလာခဲ့တာဆိုတော့ သားတို့ရဲ့စိတ်ကိုသိပါတယ်။ စိတ်ကစားတယ်လို့ အမေမပြောချင်ပေမဲ့ ငယ်ရွယ်ကြသေးတာမို့ ကတောက်ကဆတွေဖြစ်တဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ အမေ စောင့်ကြည့်ချင်သေးတယ်။ အမေ လုံးလုံး လက်ခံတာမဟုတ်ဘူးသား၊ သားပျော်မဲ့လမ်းကို အမေလိုက်လျှောက်လှမ်းပေးတာ"

"DANCIN' On to Your Heartbeat"Onde histórias criam vida. Descubra agora