အခန်း(၁၅)

216 5 0
                                    

#အရာရာကိုးလ်

       

"မင်း ဘာလို့မတားခဲ့တာလဲ?"

"ဟမ်း!"

အခန်းတွင်တစ်ယောက်တည်း Exerciseလုပ်နေစဉ် ခြေလှမ်းကျဲဖြင့်ဝင်လာပြီး ဒိုက်ထိုးနေသည့် သူ့ရှေ့တည့်တည့်တွင်လာရပ်သည့် ခန့်ထည်ဝါ။

ဒါကဘယ်လိုဖြစ်ရတာလဲ?ဟူသောမေးခွန်းကိုပင် သူ မေးနေဖို့ရန်မလိုတော့။ ချွေးများဖြင့်ရွဲနစ်နေသည့်သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ပက်လက်အနေအထားဖြင့်လှဲလိုက်သည်။ ဒေါသထွက်၍လား ဒါမှမဟုတ် အရှက်သည်းနေ၍လားမသိပေမဲ့ မျက်နှာတစ်ခုလုံးပန်းနုရောင်သမ်းးနေသည့် ခန့်ထည်ဝါ၏မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပြုံးနေမိသည်။

"မင်း ! ကြမ်းပြင်ပေါ် ဘာလို့ဒီအတိုင်းလှဲနေတာလဲ ? ငါမင်းနဲ့ရှင်းစရာရှိတယ် ထ !ရေသွားချိုး"

"ရှင်းစရာရှိတာ အရင်ရှင်းကြရအောင်လေ"

"ဝဏ္ဏအာကာ၊ ငါ ပေါ့ပျက်ပျက်လုပ်တာတွေကိုမကြိုက်ဘူးနော်"

"ကျစ်၊ ခင်များက ဗလိုင်းကြီး ကျွန်တော့်ဆီရောက်ချလာပြီး အမိန့်တွေလာပေးနေတာက မမိုက်ဘူးနော်"

"မင်းကြမ်းပြင်ပေါ်လှဲနေတော့ ငါကဘယ်လိုပုံစံမျိုးနဲ့ မင်းကိုစကားပြောရမလဲ? အသက်အရွယ်အရ ငါ့ကိုလေးစားသမှုလေးတော့ထားသင့်တယ်လို့မထင်ဘူးလား?"

သုံးဆယ်နားကပ်တဲ့ဘဲကြီးတွေရစ်လိုက်ရင် အထက်စီးဆန်လိုက်ပုံများ။
အလုပ်ကနေတန်းလာခဲ့ဟန်တူသည်၊ အလုပ်အိတ်လေးလက်တွင်ကျစ်ကျစ်ပါအောင်ဆုတ်ပြီး သူ့ကိုမာန်ပါပါဖြင့် ရပ်ကာ ငုံ့ကြည့်လျက်

"ကဲဗျာ၊ ခင်များလို သုံးဆယ်နားကပ်တဲ့လူအိုတွေက အသက်လေးရလာတာနဲ့ ဟိုဟာလည်းစိတ်တိုင်းမကျ၊ ဒီဟာလည်း စိတ်တိုင်းမကျနဲ့ တော်တော်ကိုဂျေးများလာတာပဲ"

"ငါက ! ငါကလူအို !? "

သူ့စကားကြောင့် မျက်နှာလေးမဲ့ကာရွဲ့ကာဖြင့် မခံမရပ်‌နိုင်ဖြစ်လွန်းသည့် ခန့်ထည်ဝါကို ပို၍ပင်စချင်လာပေမဲ့ မစဖြစ်ပေ။

"ဒေါသတွေကြီးပဲလွှတ်ထွက်မနေပါနဲ့ ၊ ထိုင်ဦး ကျွန်တော် ရေချိုးပြီး ထွက်လာခဲ့မယ်"

အရာရာ ကိုးလ်Where stories live. Discover now