အခန်း(၉)

229 4 2
                                    

#အရာရာကိုးလ်

   အခန်း (၉)

"ရှန်ရေ ...ညနေကျရင် အပြင်ထွက်ပြီးလျှောက်လည်ကြမလား? ငါတို့ တစ်ခါမှတွဲပြီးအပြင်မထွက်ဖူးဘူးလေ "

"စဉ်းစားလိုက်ဦးမယ်"

"နင်ကလည်း ဒါလေးတောင် အချိန်ယူပြီးစဉ်းစားနေရသေးတာလား?"

"ကဲ ဇင်ယောကိုးလ်! ဘေစင်က နင်ထိုင်ရမဲ့နေရာလား? ငါထမင်းဟင်းချက်နေတုန်း ဝိုင်းမကူပေးနိုင်ရင် တိတ်တိတ်လေးနဲ့ ငြိမ်ငြိမ်လေးနေပါလား? ဟိုဟာလိုက်ဖွ သည်ဟာလိုက်ကလိနဲ့၊ ပွစိပွစိနဲ့ နားအူတယ်ကွသိလား?"

ရှန့်ရဲ့ကျယ်လောင်သည့် စကားသံတို့က မီးဖိုဆောင်တစ်ခုလုံးထဲကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။

"ရှန် ဘာလို့သားကိုအော်ရတာလဲ?"

"ဘေးကနေ ပူညံပူညံလုပ်နေလို့လေ Momရဲ့"

"အိုကွယ်၊ ရှန်မပျင်းအောင် ဘေးကနေစကားတွေလိုက်ပြောပေးနေတာလေ၊ ကိုယ့်ချစ်သူကို အဲ့လိုလေသံမာမာနဲ့ မအော်ရဘူးဆိုတာ
ရှန်သိတယ်မဟုတ်လား?"

ငါးအရိုးများကို ဂရုတစိုက်နွှာနေရင်း သူကိုးလ်နှင့်momကို တစ်ချက်လေးပင်မော့ကြည့်ကာ သက်ပြင်းချမိတော့သည်။

"ရှန်အလုပ်လုပ်နေတုန်းဘေးကနေလိုက်ရှုပ်နေရင် ရှန်မကြိုက်ဘူးဆိုတာ momသိနေတာပဲ"

"ရှန် ကိုးလ်ကို ညင်ညင်သာသာနဲ့ နားလည်အောင်ရှင်းပြရမှာလေ၊ ဒီလိုကြမ်းတမ်းတဲ့ လေသံနဲ့အော်ပြောနေရမှာမဟုတ်ဘူး ရှန်"

"အဲ့ဒီကောင်ကို momတို့ပဲအလိုလိုက်နေ၊ ဟိုအိမ်မှာဆိုလည်းတစ်ဦးတည်းသောသားမို့ ဘာမှမလုပ်ချင်မကိုင်ချင် အပျင်းကလည်းထူသေး၊ ဒီအိမ်ရောက်ပြန်တော့လည်း စကားများတာနဲ့ စားတာကလွဲလို့ဘာမှတောင်လုပ်တတ်တာမဟုတ်ဘူး"

"မေမေ ...ကြည့်! ရှန်က ကျွန်တော့်ကိုဆို ကြင်နာတယ်လို့ကိုမရှိဘူး"

"တော်တော်လေးကိုကြင်နာစရာကောင်းအောင်နေတာကိုး😏၊ တနေ့တနေ့ဘာမဟုတ်တဲ့ သရေစာမုန့်တွေပဲစားနေ၊ လေ့ကျင်းခန်းလည်း အတင်းမရမကလုပ်ခိုင်းမှ မလုပ်ချင်လုပ်ချင်နဲ့ အချိုးကမပြေဘူး၊ ပုံစံက ခုမှ လူရုပ်ထွက်လာတာကို အစားအသောက်က ပုံမှန်မစားတော့ပြန်ဘူး၊ နင်လေ ကိုးလ် ၊ နင်ဘယ်နေရာမှာမှကို အသုံးမကျဘူး"

အရာရာ ကိုးလ်Where stories live. Discover now