အခန်း(၁၀)

262 5 3
                                    

#အရာရာကိုးလ်

    

နှစ်ယောက်သားကြမ်းပြင်တွင်ဒူးထောက်ကာ ကျုံ့ကျုံ့လေးထိုင်ပြီး ခုံပေါ်တွင်ထိုင်နေသည့် မိဘနှစ်ပါးကို မျက်လုံးလေးဝိုင်းဝိုင်းဖြင့် ကြည့်နေသည်။

"ဘာအမှားလုပ်ထားလဲ သိလား?"

ဒေါ်တင်တင်ရီတစ်ယောက် တည်ငြိမ်သည့်လေသံဖြင့် တိတ်ဆိတ်ခြင်းပတ်ဝန်းကျင်ကို စတင်ဖြိုခွင်းပါတော့သည်။

"ဟင့်အင်း၊ သားမသိဘူး"

"ကျွန်တော်လည်းမသိပါဘူး"

နှစ်ယောက်သားခေါင်းအောက်စိုက်ပြီး ပြိုင်တူဖြေမိလိုက်ခြင်း။

"သားရှန်!"

"ဗျာ"

မျှော်လင့်တကြီးဖြင့် ချက်ချင်းခေါင်းထောင်လာသည့်ရှန်။

"ဒီအိတ်ကဈေးကြီးတယ်ဆိုတာ သားသိတယ်မလား?"

"ဟုတ်😶"

" ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေပြသဖို့အတွက် တန်ဖိုးကြီးပစ္စည်းတွေသုံးစရာမလိုဘူးဆိုတာရော သားသိလား?"

"ဟုတ် ကျွန်တော်သိပါတယ်"

"သားက ×××××မှာ အလုပ်လုပ်နေတာဆို၊ ဝန်ထမ်းတစ်ယောက်ရဲ့ လစာကအရမ်းနည်းတယ်လေ၊ သားအခုအန်တီ့ကို ဒီလိုဈေးကြီးတဲ့ပစ္စည်းဝယ်ပေးလိုက်တော့ သားမှာ သုံးစရာရော ရှိသေးရဲ့လား? နောက်တစ်ခါ အဲ့လို မလုပ်ရဘူးနော် ၊ လာ နှစ်ယောက်စလုံး ခုံပေါ်လာထိုင် "

ကိုးလ် အမေက သူ့ကို စိတ်မကောင်းသည့် အကြည့်ဖြင့်ကြည့်ကာ ‌သူမဘေးတွင်ဝင်ထိုင်စေသည်။

"လူငယ်တွေဆိုတာလေ အသုံးအဖြုန်းကြီးနေလို့မရဘူးကွ၊ ချင့်ချိန်သင့်တာရှိရင် ချင့်ချိန်တတ်ရတယ် နားလည်လား?"

" ဟိုလေ ကျွန်တော့်mom...အဲ ..ကျွန်တော့်မေမေဆိုင်မှာ အရောင်းဝန်ထမ်းအနေနဲ့ ဝင်လုပ်တာပါ၊ ကျွန်တော်တို့မိသားစုကကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေကြပေမဲ့ စည်းကမ်းကြီးတယ်၊ အသက်၁၈နှစ်ပြည့်တာနဲ့ အလုပ်လုပ်ရတဲ့ စည်းကမ်းလည်းရှိတယ်၊ မေမေ့ဆိုင်မှာ ဝန်ထမ်းလုပ်လို့လစာရသလို၊ အိမ်အထိ စာရင်းတွေကူလုပ်ပေးရင် တစ်နာရီဘယ်လောက်ဆိုပြီး အပိုငွေထပ်ရသေးတယ်"

အရာရာ ကိုးလ်Tahanan ng mga kuwento. Tumuklas ngayon