အခန်း(၈)

201 6 0
                                    

#အရာရာကိုးလ်

    

"ဟယ် တကယ်လားကိုးလ်ရယ် အဲ့လိုဖြစ်မယ်မှန်းသိရင် မသီရိ
ကိုးလ်ကိုစောင့်ခဲ့ပါတယ်"

"ဂျာကြီးက ယုတ်မာလိုက်တာဟယ်၊ ငါတို့မှာတော့ အလုပ်တွေလိုတာထက်ပိုပြီးစေတနာပါပါလုပ်ပေးလိုက်ရတာ သူကတော့ အကျင့်တွေယုတ်လို့"

"နောက်တစ်ခါဆို ငါတို့ရဲ့ ‌ဘဲချောချောရှိတဲ့လူသစ်လေးကို သေချာဂရုစိုက်ပေးမှဖြစ်တော့မယ်"

"ခုနောက်ပိုင်းပိုပြည့်လာပြီး အသားအရည်တော်တော်လေးကြည်လင်လာတယ်ကိုးလ် ၊ ဘာဆေးသောက်လို့လဲ?"

မနေ့ကအဖြစ်အပျက်များကို ၅ယောက်သားစုပြီး ပြောပြတော့ အလန့်တကြားဖြစ်သွားကြသည်။ ထို့နောက် ကျွန်တော်မေ့မေ့ပျောက်ပျောက်ဖြစ်ရန်အလို့ငှာ မိုးမိုးက စကားလမ်းကြောင်းစလွဲပါတော့သည်။ ကျွန်တော့်မျက်နှာကြောက်ရိပ်လွှမ်းနေ၍မဟုတ်ပါလား?

"အယ် ဘာဆေးမှ မသောက်ရပါဘူး၊ ရှန်ကစိတ်ချမ်းသာအောင်ထားလို့နဲ့တူတယ်"

"တွေ့လား? ဘဲထိပ်ထားစံတွေ၊ တစ်ခုခုဆို ဘဲအကြောင်းက မပါမဖြစ်ပဲ "

နေ့လည်စာထမင်းစားချိန်မို့ ဆိုင်ထိုင်ရင်း တနေ့တာရဲ့ကောင်းခြင်းဆိုးခြင်းများကို မျှဝေရင်း ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ပိုနွေးထွေးလာခဲ့ကြသည်။ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း တနေ့တာကို အပျော်ရွှင်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြသည်။

ညနေစာစားပြီး နှစ်ယောက်သား ခြံဝန်းကျင်းလေးထဲရှိ ခုံတန်းပေါ်တွင် တိတ်ဆိတ်စွာထိုင်နေကြပါသည်။ အဖေနဲ့ အမေကတော့ စားသောက်ပြီး ဧည့်ခန်းထဲ ဆေးခန်းက ဘယ်လူနာက ဘာရောဂါဖြင့် ဘယ်ကနေဘယ်လိုရောက်လာကြောင်း အလာပ၊ သလာပတွေပြောရင်းကျန်ရစ်ခဲ့သည်။

ထိုင်ခုံပေါ်ဘေးချင်းကပ် ၅မိနစ်လောက်ထိုင်နေခဲ့ပေမဲ့ ရှန်ကတော့ ဘာစကားတစ်ခွန်းမျှမဟသေးသလို၊ တုပ်တုပ်ပင်မလှုပ်။
ကျွန်တော့်မှာတော့ အပြစ်သားတစ်ယောက်လို ဘေးတွင်တစ်ယောက်တည်း ဂယောင်ခြောက်ချားဖြစ်လျက်။

အရာရာ ကိုးလ်Where stories live. Discover now