အခန်း(၁၄)

165 3 3
                                    

# အရာရာကိုးလ်

 

"ရှန် ၊ ဘယ်တွေရောက်နေတာလဲ?"

"ငါအလုပ်တွေရှုပ်နေလို့၊ နင်တစ်ခုခုလိုတာရှိရင်ဖုန်းဆက်နော်၊ ငါခုတလော အိမ်ကပ်မှာမဟုတ်သေးလို့"

"ဘယ်လောက်ကြာမှာလဲ?"

"တစ်လနီးပါးလောက်ပေါ့"

"ဪ..."

" ဘာလဲ? ငါနဲ့မခွဲနိုင်လို့လား?"

"အင်း🥺"

"လွမ်းတဲ့အချိန် Vd callခေါ်လိုက်လေနော်"

"အင်းပါ၊ အလုပ်ချိန်ရောက်ပြီး ဒါပဲနော်"

"ဂရုစိုက်နော် အချစ်ကလေး"

တဖက်မှဖုန်းမချခင်ဦးစွာဖုန်းချပြီး ထိုင်ခုံတစ်ပတ်လည်အောင် လှည့်ပစ်လိုက်သည်။ တစ်လနီးပါးတောင်! တစ်လတောင်မှလား?

ဘာတွေကြောင့်များ အဲ့လောက်ကြီးများတောင် အလုပ်ရှုပ်နေရတာလဲ? အရင်က မတွေ့မမြင်ရနေနိုင်ခဲ့ပေမဲ့ အရမ်းနီးနီးကပ်ကပ်နေခဲ့ပြီးတော့မှ ဒီလိုကြီး ခွဲရမှာကတော့ ဝမ်းနည်းလွန်းလို့ အလုပ်တောင်မလုပ်ချင်တော့ပေ။ သောက်လက်စ အအေးခွက်မှ ဘေးပတ်ပတ်လည်တွင် ရေစက်ရေပေါက်လေးများဖြင့် စိုရွဲနေပါသော်လည်း ဆက်မသောက်နိုင်ပဲ ငေးရုံသာငေးနေမိသည်။

"လွမ်းနာကျတယ်ဆိုတာ ဒါမျိုးလား?"

🌵 🌵 🌵

ဝဏ္ဏအာကာဆီမှ စာမလာ၊ သတင်းမကြားရသလို အနားတွင်တဂျီဂျီလုပ်ပြီး ရစ်သီရစ်သီအလုပ်မခံရတာ တစ်ပတ်ပင်ကျော်နေပြီ။ ခုလိုမျိုးကျတော့ အထီးကျန်လာသလိုလို ၊တစ်ခုခုလိုသလိုလိုတော့ ခန့်ထည်ဝါတစ်ယောက် ခံစားမိသား။

လုပ်လက်စအလုပ်ကို စိတ်ဖြောင့်ဖြောင့်ဆက်မလုပ်နိုင်ပဲ ဖုန်းကိုသာ တကြည့်ကြည့်ဖြစ်နေမိသည်။ တစ်ခါတစ်ခါ စိတ်မရှည်ချင်တော့ပဲ စာရိုက်ပို့မည်လုပ်ပြီးကာမှ မပို့ဖြစ်ပဲ ပြန်ဖျက်လိုက်ရသည့်စာများကလည်း မနည်းမနှော။

"ကျစ် နေများမကောင်းလို့လား? "

စားပွဲတွင် ဖင်မချနိုင်တော့ပဲ ရှိသမျှ အခန်းလိုက်ကာများကို ‌ဆွဲဖွင့်ထားပြီး ေမှာင်ရိပ်သန်းနေသည့် အပြင်ဘက်သို့ အရိပ်တကြည့်ကြည့်။

အရာရာ ကိုးလ်Donde viven las historias. Descúbrelo ahora