အခန်း(၁၃)

226 8 1
                                    

အရာရာကိုးလ်

      အခန်း(၁၃)

  မနေ့ကတည်းက ညီမဖြစ်သူဇူးဇူးရှန်က မာတာမိခင်ကြီးနှင့်အလုပ်ကိစ္စတစ်ချို့ကြောင့် အိမ်ပြန်မရောက်သေးပေ။ ဖုန်းဆက်မေးလိုက်တော့မှ တပတ်လောက် အလည်အပတ်သွားမည်ဟုသာပြောပြီး ဖုန်းတန်းချသည်ဖြစ်ခြင်း။

ညီမဖြစ်သူမရှိတော့မှာ သူ့မှာနားအေးရသလို ၊ကိုးလ်အနားကပ်ခွင့်ရသည်။ ခုလည်းမနက်စာချက်ပြုပ်ပြင်ဆင်ပြီး ကိုးလ်နှင့် အေးအေးလူလူတနေ့တာကိုဖြတ်သန်းခွင့်ရတော့မည်ဆိုသည့်စိတ်နှင့် ရင်ထဲကြည်နူးရိပ်သန်းနေပေသည်။

မနက်စာများကို စားပွဲပေါ် ခူးခပ်ပြင်ဆင်ပြီး သူ့ရဲ့အညိုစင်လေးဖြစ်သည့် ဇင်ယောကိုးလ်ကို ပင့်ဖိတ်ဖို့ အပေါ်ထပ်သို့တတ်လာခဲ့သည်။

နိုးနိုးချင်းကျွန်တော့်ဘေးတွင်ရှန်က ရှိမနေခဲ့ပါ။ ပုံမှန်ဆို ကျွန်တော့်ဘေးတွင်လှဲပြီး ကျွန်တော့်ကိုတစိမ့်စိမ့်ငေးရင်ငေး၊ မဟုတ်လျှင် မနက်စာအတွက် မီးဖိုချောင်တွင် အလုပ်ရှုပ်နေတတ်သည်မို့ ကျွန်တော့်အတွက် အထူးအဆန်းတော့မဟုတ်တော့ပေ။

ရေချိုးခန်းဘက်သွား တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး အိပ်ခန်းထဲပြန်ဝင်လာတော့ ကုတင်အောက်က တစ်စုံတစ်ခုကြောင့်

"ဟင် ... ဒီပါဆယ်ဘူးက ကြာနေပြီးကို ဘာလို့မဖောက်သေးတာလဲ?"

သိပ်မကြီးသည့်ဘူးအားဆွဲယူကာ ကုတင်ပေါ် ကျကျနနတင်ပြီး စိတ်ဝင်တစားဖွင့်ကြည့်လိုက်မှ ကျွန်တော်မျက်နှာတစ်ခုလုံးရေနွေးနဲ့အပက်ခံထားရသလို ပူလာသည်။

အနက်ရောင်ဘူးထဲက အနီရောင်ပိုးသား sexy dressတစ်ထည်ထွက်ကျလာသောကြောင့်ပင်။

ရှေ့ဘက်တွင် အသဲပုံလည်ဟိုက်နှင့်ကြိုးတစ်ချောင်း လက်ပြတ်ဖြစ်သည့်အလျောက် ကျောပြောင်ဖြစ်နေသည်။ ပေါင်လည်လောက်မလုံ့တလုံဖြစ်သည့်အပြင် နောက်ဘက်တွင်လည်း ခါးကနေ တင်ပါးဖုံရုံသာ။

"ရှန်က ဒါမျိုး ဝတ်‌စေချင်တာလား?"

dressကို သေသေချာချာဖြန့်ကြည့်ရင်း ဝတ်စမ်းကြည့်ဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။

အရာရာ ကိုးလ်Where stories live. Discover now