(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
ပုစွန်ဆီရောင်သန်းနေသည့်နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းပေါ်မှပျောက်ကွယ်ရန် အချိန်အားဖြင့်နာရီပိုင်းမျှသာလိုတော့၏။ဒီအချိန်သည် သပြေတန်းရွာလေး၏ အပျိုလေးများရေခပ်ဆင်းချိန်လည်းဖြစ်၏။
သူကြီးစိုးသည်အိမ်ရှေ့တန်းလျားတွင်ထိုင်ကာ..ရပ်ရွာအရေးထိုင်စဥ်းစားနေခိုက် အိမ်ဝိုင်းထဲသို့ အပျိုဖြန်းလေးအုပ်စုဝင်လာကြသည်။
လက်ထဲတွင် ပွေ့ပိုက်ထားသောသောက်ရေအိုးများကိုကြည့်ခြင်းဖြင့်ရေခပ်ဆင်းကြမည်ဖြစ်သည်။" ဘကြီးစိုး...လုကာ ရှိလားဟင်.."
"အိန်းးးးးနောက်ဖေးမယ်ရှိတယ်ထင်တယ် ဒါနဲ့..တူမကြီးတို့ရေခပ်ဆင်းကြမယ်မဝုတ်လားကွဲ့.."
"ဟုတ်တယ်ဘကြီးစိုးရဲ့ ရေခပ်ဆင်းဖို့ညမွှေးတို့အစောကိုလာခေါ်တာပါ ဘကြီးစိုးခွင့်ပြုမယ်မလားဟင်.."
"ဘကြီးကအကြောင်းမဟုတ်ပါဘူး...တူမကြီးတို့သူငယ်ချင်းကိုသာရအောင်ခေါ်ပေါ့... သူနောက်ဖေးမယ်ရှိတယ်.."
ဘကြီးစိုး၏လမ်းညွှန်မှုဖြင့်ညမွှေးတို့အုပ်စု အိမ်နောက်ဖေးဘက်သို့ လာခဲ့ကြတယ်။ ရွာထဲက လုံမပျို သုံးလေးယောက်လည်းပါသည်။
နောက်ဖေးရှိစိုက်ခင်းများတွင် ကျောင်းဆရာလေးထည်ဝါနှင့်အတူ လျှောက်သွားနေသော အစော၏မျက်နှာလေးမှာ နေရောင်အောက် ဝင်းပနေသည်။"ဝေ့....လုကာရေ...ငါတျု့လာပြီဝေ့.."
"ဟာ...ညမွှေးတို့ပါလား...!"
"နှစ်ယောက်သား ကြည်နူးနေကြတယ်ထင်ပါရဲ့...အနှောင့်အယှက်များဖြစ်သွားပြီလား.."
"ဟာ....မဟုတ်တာ.. !!"
"ဟင်..!! မွှေးလိုက်တာ..ဟဲ့နင်တို့ကော အနံ့ရကြလား....ဟဲ့... ဟဲ့.."
ခင်လွှမ်း၏စကားကြောင့် အစောတို့အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ကြသည်။အေးစက်သည့်လေထုအတွင်း သင်းပျံ့လာသည့် ပဒုမ္မာကြာပန်းရနံ့သည် လတ်ဆတ်ကာချိုအီလွန်း၏။
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။