(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
ကိုလေးနဲ့ဧည့်သည်မမက ထမင်းကိုအားရပါးရစားနေကြသည်။
ဘကြီးစိုးနဲ့လုကာက ဘေးမှသာထိုင်ကြည့်နေ၏။
အခုအိမ်ကိုဧည့်သည်တွေရောက်လာပြီဆိုတော့ သူတို့မောင်နှမနှစ်ယောက် အရင်အိမ်အဟောင်းသို့သာပြန်နေရန် လုကာဆုံးဖြတ်ထားတယ်။
သူတို့ကအိမ်ရှင်...ကိုယ်ကတစ်စိမ်း။
ဘကြီးစိုးကျုပ်တို့ကိုချစ်တာသိပေမယ့် သူများတွေအမြင်မှာတော့ မတင့်တယ်လှဘူးမဟုတ်လား။"ဘကြီးစိုး... "
"အင်းးးပြောလေ.. သားလုကာ..!!"
"ညနေကျ...ကျုပ်နဲ့မြနန်းဝေ အရင်အိမ်အဟောင်းမှာပဲပြန်နေမလားလို့.."
ကျုပ်ပြောလိုက်တော့ ဘကြီးစိုးကနားမလည်သလိုကြည့်တယ်။
မဟုတ်ဘူး... ကျုပ်ကိုစိုးရိမ်သွားတာ။
ကျုပ်တို့သိမ်ငယ်မှာကို ဘကြီးစိုးရိမ်သွားတာ။"ဘာလိုလဲ သားလုကာ...ဘကြီးနဲ့ပဲဒီမှာနေ ဘယ်မှသွားမနေရဘူး...!!"
"ဒါပေမယ့် ဧည့်သည်တွေအနေကျဥ်း..."
"တော်တော့ သားလုကာ...သားထည်ဝါတို့ဆိုတာ သားနဲ့အရင်ထဲကလည်ပင်းဖက်ပေါင်းလာခဲ့ကြတာပဲလေ ရင်းနှီးစရာလိုသေးလို့လား.."
"ဗျာ...ကိုလေးနဲ့ကျုပ်က အသိတွေလား..??"
"အေးလေ...သားမမှတ်မိဘူးပဲ.."
ထမင်းစားနေရင်း တိတ်ဆိတ်စွာထည်ဝါနားထောင်နေတယ်။
အဘပြောတာကို စောလုကာကအံသြသလိုသူကိုကြည့်တယ်။
သိတယ်။ ကြည့်တာကိုသိတယ် ဒါပေမယ့်မသိချင်ယောင်သာဆောင်နေလိုက်တယ်။
အစော...အစော..ငါမရှိတုန်းဘယ်ကောင်တွေကိုများ "ကိုလေး" ဆိုတဲ့နာမ်စားကိုခေါ်နေပါလိမ့်။
ကိုလေး ဆိုတဲ့နာမ်စားက ကိုကိုထည်ဝါပြည့်စုံထွန်း ဆိုတဲ့ငါတစ်ယောက်တည်းအတွက်ဆိုတာ မသိလေရော့သလား။"သမီးမီမီကတော့ ထားပါတော့ ဘာပဲဖြစ်ဖြစ် သမီးမီမီဟာ သားအတွက်အမတစ်ယောက်လိုပါပဲ...မယုံရင်မေးကြည့်လိုက်... !"
"ဟုတ်လား... မမ.."
"အဘ...သူကသမီးတို့ထက် ငယ်တာလား ၊ ကြီးတာလား.."
ВЫ ЧИТАЕТЕ
ညီလေးတို့ ရွာ..(Completed)
Любовные романыထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။