(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
"ဘကြီးစိုး ကျုပ်အရင်အိမ်ဟောင်းမှာပဲ အနန်းနဲ့ပြန်နေမယ်.."
ခပ်ပြတ်ပြတ်ပြောလာသော အစော။
ဘာကြောင့်ရယ်မသိ ထည်ဝါမျက်ခုံးတန်းတို့စု့ကျုံ့မိသည်။
အခု ဒီအိမ်မှာနေနေရတာ သူအဆင်မပြေလိုလား။"အစော.. ကိုလေးတို့နဲ့နေရတာအဆင်မပြေလို့လား.."
ဟိန်းဟောက်သလို ကိုလေးကမေးတော့ အစော ကြောက်ရပါသည်။ ကိုလေးမို့ကြောက်ရတယ်ဆို ပိုမှန်ပါလိမ့်မယ်။
"မဟုတ်ပါဘူး... အစောက မိန်းကလေးတစ်ယောက်ပုံစံနဲ့မို့ ဘကြီးစိုးကို တာဝန်မပိုစေချင်ဘူး.."
ကျစ်..~~
ထည်ဝါက စိတ်ပျက်သလိုစုပ်တစ်ချက်သပ်သည်။
အစော လှလာတာမှန်ပေမယ့် အမှန်တကယ်ဆို အစောဟာ ယောကျ်ားအရင့်အမာကြီးတစ်ယောက်ဆိုတာလူတိုင်းသိနေကြတာပဲ အလကားသက်သက် အတွေးတွေကလူကိုသတ်နေတာ။"ဟို...မဟုတ်ဘူး.."
"တိတ်စမ်း.. !!"
ရှင်းပြချိန်တောင်မရ။
ကိုလေး၏ ဟိန်းဟောက်သံကြောင့် အစော၏အသံသည်တစ်ဝက်ထဲနှင့်ရပ်တန့်လိုက်ရသည်။
မေးရိုးမှာ တင်းနေအောင်အံကြိတ်ထားသောကိုလေးရဲ့ မျက်နှာနီနီကြီးကြောင့် အစောမျက်လွှာကိုချထားမိသည်။"ကဲ...ရွာသူရွာသားတွေ လုပ်စရာရှိတာပြန်လုပ်ကျ...ဒီလိုဖြစ်ခဲ့တာတွေကိုလည်း တစ်ခြားဘေးရွာတွေအထိ သူကြီးမပြန့်စေချင်ဘူး တော်ကြာ တို့ရွာကိုမကူးမလာကြမှဖြင့်အခက်တွေ့ရမယ်.."
"ဟုတ်ကဲ့ပါ သူကြီးရ...ကျုပ်တို့ကလည်း ကိုယ်ရွာအပယ်ခံဖြစ်မယ့်အရေးမလိုလားပါဘူး ကဲ ကဲ ပြန်ကြမယ်...လှလွန်းသူ ငါတို့ပြန်တော့မယ်နော်.."
အရင်ကမိမိကိုဆို အကောင်းမမြင်သည့် မြောက်ပိုင်းသူတစ်ယောက်က နှုတ်ဆတ်သွားတာကြောင့် အစောအံ့သြနေမိသည်။
ဟုတ်ကဲ့ လို့လည်းမတုန့်ပြန်လိုက်သလို ၊ ငြင်းဆန်ခြင်းလည်းမပြုလိုက်။
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။