အပိုင်း(၂၄)

1.6K 98 6
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ကျေးငှက်လေးလေးတွေ၏သာယာသောအသံလေးများနှင့်အတူ ပြတင်းပေါက်ဆီမှတိုးဝင်လာသောလေ​ပြေလေညှင်းနုနုလေးတွေ၏ အထိအလေးတွေကြောင့် ထည်ဝါသည် ခေါင်းကြည်လင်စွာဖြင့် အိပ်စက်နေရာမှ နိုးလာ၏။

ဒီနေ့ရာသီဥတုသာယာသည်။
ထနောင်းပင်အိုကြီး၏သစ်ကိုင်းလေးတွေဆီတွင်နားခိုကာ တကျီကျီအော်မြည်နေသော ငှက်မောင်နှံအတွဲလေးကိုမြင်မိတော့ သဘောကျသလိုပြုံးမိ၏။

အိပ်ယာထက်မှထပြီး စောင်၊ ခြေထောင်များကိုသေချာခေါက်သိမ်းပြီး နေ့သစ်တစ်ခုစရန် ကြိုးစားရပေဦးမည်။
အင်း ပြီးတော့ အစောနဲ့လည်းချစ်သူတွေဖြစ်ပြီမို့ နေရာကောင်းကောင်းတစ်ခုမှာ ချိန်းတွေ့ဖို့ပြောကြည့်ရပါဦးမယ်။
ထိုသို့ပြောရင် အရှက်သည်းတဲ့ကရင်ကောင်လေးသည် ပါးလေးတွေနီမြန်းသည်အထိ ရှက်ပါလိမ့်မယ်။

အခန်းထဲမှထွက်ကာ နောက်ဖေးရှိရေစည်တွင် သွားတိုက်၊ မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်၏။
ရေချိုးကျောက်စည်ထဲ အမြဲလိုလိုရေပြည့်နေခြင်းသည် ထည်ဝါတို့စရောက်ထဲက ပျက်လက်သွားသည်မရှိ။
ကိုမြဒင်ပြောတာတော့ ရွာမှာက တစ်နေ့ဝမ်းစာအဖို့ အချို့ကကျဗန်းအလုပ်ကိုလုပ်ကိုင်ကြရသည်။ အချို့က လယ်၊ယာ မြေကွက်များရှိသည်မို့ စပါးကိုအဓိကစိုက်ပျိုးကြပြီး အာလူး ၊ ပီလောပီနံဥတို့ကို စီးပွားဖြစ်စိုက်ပျိုးကြသည်။
အချို့ကြတော့ ကိုင်းကွက်ထဲတွင် မေမြို့ပန်း၊ စိန်ခြယ်ပန်း ၊ ကြက်သွန် ၊ မြေပဲနှင့် အခြားတိုလီမုစ ဟင်းသီးဟင်းရွက်များကို အသုံးသက်သာစေရန် စိုက်ပျိုးကြပြန်သည်။

လယ်ယာမရှိကြတဲ့သူတွေကတော့ ရွာထဲတင်ပဲ ရေရောင်းသည်။
ကိုမြဒင်ပြောတာတော့ ရာဝင်အိုးတစ်လုံးကို ၃၀၀၀ ပေးရသည်ဆိုပဲ။ ဒီအလုပ်ကလည်း သမာအာဇီဝကျကျလုပ်သည့်အလုပ်မို့ ဘာပဲဖြစ်နေဖြစ်နေ ဂုဏ်ရှိသည်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့ဆိုရိုးစကားလည်းရှိသေးသည်မဟုတ်လား။
ထိုကြောင့် အစောသည် ထည်ဝါတို့စရောက်သည့်နေမှစပြီး ရေစည်တွင်ရေအမြဲဖြည့်ထည့်ပေးထားလေ့ရှိ၏။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now