(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
နေ့လယ်ပိုင်း နေမင်းကခေါင်းတည့်တည့်သို့အပူချိန်ပြင်းပြင်းများကိုထုတ်လွှတ်လို့နေလေပြီ။
နားထင်သို့ စီးကျလာသောချွေးစက်များကိုဖယ်ရှားပြီး အိမ်ပြန်ဖို့ကိုစဥ်းစားမိ၏။ တစ်မနက်ပိုင်းကို သူတစ်ယောက်တည်းနုတ်ထားသည့် ပျိုးဘောအရေအတွက်က ၁၂၀၀ပြည့်ပြီ။ကိုလေး ကို နေ့လယ်စာပို့ဖို့ရှိသေးသည်ကြောင့် အဖော်များကိုနှုတ်ဆတ်ကာ အိမ်ကိုခပ်သုတ်သုတ်ပြန်လာခဲ့၏။
အိမ်ကိုရောက်တော့ ကိုမြဒင်က ခြံထဲမှာပုံထားသော ထင်းတုံးများကို အနေတော်ထင်းသားများဖြစ်အောင် ပုဆိန်ဖြင့်ပေါက်နေ၏။
ကြည့်ရတာ.. အလုပ်မရှိလို့ ဘကြီးစိုးခိုင်းထားတာနေမယ်။"ကိုမြဒင်.."
"ဟေ..!"
" မြောက်ပိုင်းမှာ ကျုပ်ကိုဝက်သားသွားဝယ်ပေးပါလား ၊ ဝက်ပေါ်တယ်လို့ပြောတယ် တစ်အိမ်သားလုံးစားရအောင် ၁ပိဿာလောက်ဝယ်ခဲ့ဗျာ.."
" အေး အေး ခဏပဲစောင့် ဒီသစ်တစ်လုံးကုန်ရင် ငါသွားဝယ်ပေးပါ့မယ် ၊ ဒါနဲ့ ပျိုးဘောဘယ်လောက်ရခဲ့လဲ အစော..မင်းကလက်မြန်ခြေမြန်နဲ့မို့ ထောင်ကျော်ရခဲ့တယ်မလား.."
ပျိုးနုတ်ရင် မြန်ဆန်တဲ့ကျုပ်ကိုသိနေတဲ့ ကိုမြဒင်က ပျိုးပင်ဘယ်လောက်ရမလဲဆိုတာကို ခန့်မှန်းသည်။
ဟုတ်ပါတယ်....စောလုကာတို့ဆိုတာ အမြဲသူများထက် သာနေကျပင်။" ၁၂၀၀ရခဲ့တယ် ကိုမြဒင် ၊ ကျုပ်ရေသွားချိုးလိုက်ဦးမယ် ကိုလေးတို့ကို ထမင်းချိုင့်ပို့ပေးရဦးမယ်.."
ကိုမြဒင်ကို ဝက်သားဝယ်ခိုင်းပြီး ပေကျံနေတဲ့ ရွှံ့နွံများကို သေချာဆေးပြီး ကာဘော်လစ်ဆပ်ပြာတုံးလေးနှင်ွ ပွတ်တိုက်ဆေးကြောပြီးခပ်မြန်မြန်ပဲရေးချိုးလိုက်သည်။
ပန်းရောင်နှင့်ခရမ်းရောင်ရောစပ်ထားသော ချည်ပွင့်လေးများနှင့်ရောစပ်ကာရက်လုပ်ထားသည့် ကရင်သင်တိုင်းအကျ...လေးကိုဝတ်ဆင်ကာ ၊ ပျော့ပျောင်းသည့်ဆံနွယ်များကိုတော့ မမမီမီသင်ပေးထားသည့်အတိုင်းကျစ်ဆံမြှီးကျစ်လိုက်သည်။
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။