အပိုင်း(၉)

2K 118 4
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

"အဘ...စာသင်ဖို့အရေးကိုလေပိုပြီးပြည့်စုံအောင်စီစဥ်ချင်လို့ ရွာရဲ့မူလတန်းကျောင်းကို သားတို့သွားကြည့်လို့ရမလား.."

ညနေစာစားသောက်ပြီးတော့ အစောပြင်ပေးထားတဲ့ ရွှေကြည်ကျောက်ကျောလေးတွေစားရင်း ထည်ဝါတို့ စကားလက်ဆုံပြောဖြစ်ကြသည်။
စာသင်ပေးဖို့ နယ်နှင်ခံရတာ ထည်ဝါတစ်ယောက်တည်းမဟုတ် ၊ မီမီထည်ဝါပြည့်စုံထွန်း လည်းပါတဲ့ဟာကို ရွာအကြောင်းအဘနဲ့ ဆွေးနွေးနေပေမယ့် သူမကတော့ ကျောက်ကျောတုံးကို တမြုံ့မြုံ့ဝါးရင်း နားထဲနားကျပ်ထည့်ကာ ဇိမ်ယူနေသည်။
အဘကို အားနာသည်ကြောင့် ထည်ဝါသည် မီမီနားထဲကနားကျပ်ကို ဆွဲဖြုတ်လိုက်သည်။

"ဟဲ့...ကိုကို နင်ဘာလုပ်တာလဲ..."

"လူကြီးနဲ့ စကားပြောနေတာကိုသတိရစမ်း...နင်ဒီလိုလုပ်နေလို့ ရွာပိုပြီးတိုးတတ်မလာဘူး...လာ...စကားဝိုင်းထဲအခုဝင်.."

"ဟွန့်....ဆရာကြီးလာမလုပ်နဲ့..."

"အဘ သားတို့ကို ကျောင်းလိုက်ပို့ပေးပါလား...ဒါမှမဟုတ် ကိုမြဒင်ကို လိုက်ပို့ခိုင်းရမလား.."

"အင်း... မြဒင်ကိုလိုက်ပို့ခိုင်းလို့မဖြစ်သေးဘူးကွဲ့..အဘမနက်ဖြန် ကပြိုရွာကိုအစည်းအဝေးတတ်ဖို့ရှိတယ်..သားလုကာ ကိုလိုက်ပို့ခိုင်းလိုက်လေ သားကိုဆို သူကလိုက်ပို့ပါလိမ်မယ်.."

အဘရဲ့အပြောကြောင့် ထည်ဝါသဘောကျသွားသည်။
အဲ့ဒါဆို ညနေပိုင်းသွားရမယ် အဲ့ဒါမှ အစောသည် ညမွှေးဆိုတဲ့ ဟိုကောင်မလေးနဲ့သွားမတွေ့မှာ...ဟင်းးးး ။

"အဲ့ဒါဆို သားတို့ညနေပိုင်းလောက်သွားကြည့်မယ်အဘ သြော်...ပြီးတော့ အခုလောလောဆယ် ကျောင်းမှာစာသင်နေတဲ့ ဆရာဖြစ်ဖြစ် ဆရာမဖြစ်ဖြစ်ရှိလား အဘ ရှိရင် သွားလည်ပြီးစကားလေးဘာလေးနဲ့ သိကျွမ်းထားတော့ပိုကောင်းတာပေါ့.."

"အင်း ဆရာမလေးတစ်ယောက်ပဲရှိတယ်ရယ်..အဘလည်းရွာအရေးကသိပ်များတာမို့ အချို့ဘက်တွေကိုသိပ်ပြီးလိုက်မကြည့်နိုင်ဘူး...ခဏနေဦး သားလုကာကိုမေးကြည့်ပေးမယ် ဘာလို့ဆို သားလုကာက တစ်ပတ်ကိုတစ်ခါလောက် ကျောင်းဝန်းထဲကမြက်ရိုင်းတွေကို သွားရှင်းပေးတတ်တော့ သူကိုဆရာမလေးဆီလိုက်ပို့ခိုင်းပေးမယ်.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now