အပိုင်း(၁၁)

1.9K 118 6
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

အ့..~~

"နာတယ် ကိုလေး...လွှတ်ပါ အစောလက်ကို.."

ရှူးရှူးရှားရှားဖြစ်နေကာ မေးကြောများတင်းနေအောင်အံကိုကြိတ်ထားတဲ့ကိုလေး ရဲ့မျက်နှာဟာ ဘယ်လောက်တောင်စိတ်ဆိုးဒေါသထွက်နေမလဲ ကြည့်တာနဲ့သိသာလွန်းလှတယ်။
မိုးညို ရှေ့မှ အစောရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ပြီးထွက်လာခဲ့တဲ့ ကိုလေးက မြောက်ပိုင်းနဲ့အရှေ့ပိုင်းလမ်းချိုးလေးနားရှိ ရဲရဲနီအောင်ပွင့်နေသော စိန်ပန်းပင်ကြီးအောက်တွင် ရပ်တန့်သွားသည်။

တောက်..!~~

ထိုနောက်..'တောက်' ကိုခပ်ပြင်းပြင်းခတ်ပြီး ရွှေဝါရောင်စပါးခင်းများဘက်သို့ မျက်နှာမူကာ ဒေါသများကိုဖြေနေသည်။
နေဝင်ချိန် ပုစွန်ဆီရောင်သန်းနေတဲ့နေလုံးကြီးမှ ဖြာထွက်လာသော ဆည်းဆာရောင်ခြည်တန်းများဟာ အစိမ်းရောင်ပျိုးပင်များပေါက်နေသောစပါးခင်းများပေါ်သို့ ဖြာကျနေပြီး အိပ်တန်းပြန်ငှက်ကလေးများနှင့် မြင်ကွင်းသည် လှပနေပေမယ့် ကိုကိုထည်ဝါပြည့်စုံထွန်း၏ မျက်နှာတွင်မူ ဒေါသတရားများသာရှိသည်။

ထိုနောက် အနောက်သို့လှည့်လာကာ...လက်နှစ်ဖက်ကို ကျစ်လစ်နေအောင်ကိုင်ပြီး မျက်လွှာချထားငေသာ အစောကိုကြည့်သည်။

"မင်းကိုမင်း ဘာထင်နေတာလဲ စောလုကာ..!! ဟမ်...မင်းကိုမင်း အပျိုဖြန်းလေးထင်နေရင်တော့ သိပ်ကိုဆိုးနေပြီနော်.."

"အစောက ယောကျာ်းတစ်ယောက်ပါ ကိုလေး...အစောကိုမအော်ပါနဲ့.."

ဟက်..~~~

အစောပြောတာကို ကိုလေးက ဟက်ခနဲအသံထွက်ကာ လှောင်သလိုရယ်သည်။

"သြော်...မင်းက ငါ့ကိုတောင်ပြန်ပြောရဲနေပြီပေါ့...ပြောပါဦး... ဘယ်သူ့အားကိုးနဲ့လည်း.."

"ကိုလေးကို ဘာမှပြန်မပြောဘူးဆိုတာ အစော စကားအပိုမပြောတတ်လို့ပဲ...ကြောက်တယ်လို့ထင်ရင်တော့ကိုလေး မှားနေပြီ.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now