Bloody Love Part-56🖤

Start from the beginning
                                    

"ဟိတ်လူ! ဝယ်တိုက်ဘူးလား"

ပြည့်စုံရဲ့ အက်ျီစကို ဆွဲအာ ဆောင့်အောင့်စွာ ပြောလာသည်။

"ဝယ်တိုက်ပါ့မယ်...လောလောဆယ်တော့ ကိုယ်နဲ့ လိုက်ခဲ့။ ဒီမှာဆိုရင် မင်းအတွက်အန္တရာယ်များလာလိမ့်မယ်။"

ထိုသို့ပြောတော့ အကောင်ပေါက်က ခေါင်းငြိမ့်ပြပြီး ခုံကနေထကာ ယိုင်နဲ့ယိုင်နဲ့နှင့် အရှေ့ကနေ ထွက်သွားတော့တာကြောင့် ပြည့်စုံပြေးလိုက်ကာ ဖမ်းရတော့သည်။

*ကလေးထိန်းနေရတဲ့အတိုင်းဘဲ*

................…......

*တီ တီ တီ*

အလုပ်လုပ်နေချိန် အမည်မသိ ဖုန်းနံပါတ်တစ်ခုကြောင့် ကလျာ စိတ်ရှုပ်သွားရသည်။

"ဟလို"

"ဟေး ဒို့ကို မှတ်မိလား📞"

တဖက်က အသံကြောင့် ကလျာ မျက်မှောင်ကျုံ့လိုက်သည်။

"ဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်ကို သိတာလဲ"

"အဟားဟား...ဒို့အတွက်က လွယ်ပါတယ်📞"

ငှက်နာကျ အသံဆိုးနဲ့ ထရယ်နေတာကြောင့် ကြည်နေစိတ်ကလေးတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ရသည်။

"ဘာကိစ္စဖုန်းဆက်တာ"

"Darlingကို တွေ့ချင်လို့ပေါ့📞"

"စောက်ပေါက်ပိတ်ပြီး လိုရင်းကိုသာ ပြော!"

ကလျာအော်လိုက်တော့ တဖက်ကအသံတိတ်သွားကာ ပြန်မဖြေတော့ပေ။

"ဘာမှမဟုတ်တော့ဘူး ဒါဘဲ📞"

ထိုသို့ပြောပြီးသည်နှင့် ဖုန်းကကျသွားတော့သည်။ ဘာမှမရှိသော ဖုန်း screenကို ကြည့်ပြီး စိုက်ကြည့်နေမိသည်။ ပြန်ခေါ်မလို့လားလို့ တွေးရင်တော့။ မှားသွားပါတယ်။ ဘာကိစ္စခေါ်ရမှာလဲ! ကိုယ့်စောက်လုပ်တွေတောင် မပြီးသေးပါဘူးဆိုမှဘဲ!

လေပူတချက်မှုတ်ထုတ်ကာ ကောင်လေးရဲ့ ဓာတ်ပုံလေးကို ကြည့်နေမိပြန်သည်။ အခုဆို ကောင်လေးဘယ်မှာမှန်းလဲ မသိတော့ချေ။ စုံစမ်းချင်ပေမယ့် ကိုကို စိတ်မကောင်းဖြစ်မှာကိုလဲ စိုးရိမ်မိသည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now