Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်

Start from the beginning
                                    

သူ့ရဲ့အကြည့်ကြောင့်ကျိနင်းစိတ်ရှုပ်သွားသည်။ရင်ချွမ်းချုံရုတ်တရက်ကြီးထိုသို့တုန့်ပြန်လာခြင်းကိုနားမလည်နိုင်။အခုမှဘာလို့သံသယဝင်နေတာလဲ? အဓိပ္ပာယ်မရှိဘူးလေ။ ပုံမှန်မဟုတ်တာဘာမှမလုပ်မိပါဘူး။

(ရင်ချွမ်းချုံကတကယ်သံသယဝင်နိုင်တယ်။ သူမင်းအသံကိုမှတ်မိနိုင်တယ်)

အနာဂတ်ကကျိနင်းနှင့်ဆက်သွယ်ပြီးပြောသည် (ပထမဆုံးသူ့ကမ္ဘာထဲကိုဝင်တုန်းကမင်းငယ်ငယ်ကအသံကိုဖမ်းထားတဲ့ကျောက်စိမ်းလေးရှိတယ်။ အဲဒီ့အသံကအခုအသံနဲ့တထပ်တည်းကျလုနီးပါးပဲ)

ကျောက်စိမ်း...

အနာဂတ်ရဲ့စကားကိုကြားတော့ကျိနင်းတောင့်ခဲသွားသည်။

ကမ္ဘာတွေအများကြီးကိုဖြတ်သန်းခဲ့တာမို့အသေးစိတ်တွေကိုမေ့သွားခဲ့သည်။ဒါပေမဲ့အနာဂတ်ကတော့အချက်အလက်တွေကိုသိုလှောင်ထားနိုင်သည်။သူသတိပေးမှကျိနင်းကျောက်စိမ်းအကြောင်းမှတ်မိသွားသည်။ရင်ချွမ်းချုံစီကပြန်ယူဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘဲချွမ်းချုံကသိမ်းထားခဲ့သည်။

သူ့မစ်ရှင်ပြီးသွားချိန်မှာနောက်ကမ္ဘာသို့ပို့ဆောင်ခံလိုက်ရသည်။ကျောက်စိမ်းဘာဖြစ်သွားလဲကျိနင်းမသိပေ။ရင်ချွမ်းချုံရဲ့တုံ့ပြန်ပုံအရသူ့လက်ထဲမှာပဲရှိနေလောက်မည်။သူ့အသံကိုစကားနည်းနည်းလေးကနေတောင်မှတမိနိုင်လောက်သည့်အထိနားထောင်နေခဲ့လိမ့်မည်။

ဒါကမမျှော်လင့်ထားသလိုမမျှတပေ။ကိုယ့်အသံတောင်ငယ်ငယ်ကဘယ်လိုရှိလဲမမှတ်မိနိုင်တာရင်ချွမ်းချုံကသူ့အသံကိုမရေတွက်နိုင်အောင်နားထောင်ပြီးပြီလို့ဘယ်လိုများခန့်မှန်းနိုင်ရတာလဲ...

ရင်ချွမ်းချုံသံသယဝင်နေရင်သူ့တုံ့ပြန်မှုကအဓိပ္ပာယ်ရှိသည်။ဒါကလုံးဝမကောင်းပေ...

ကျိနင်းပူပင်လာသည်။ရင်ချွမ်းချုံကိုအသံကတောင်မှတ်မိအောင်လုပ်နိုင်ပေမဲ့တိကျတဲ့သက်သေတော့မရှိပေ။ဒါပေမဲ့ရင်ချွမ်းချုံသာသူ့ကိုဟွားရှင်းဆေးအတင်းကျွေးရင်သူ့အရင်ကပုံနဲ့တထပ်တည်းနီးပါးတူတဲ့ပုံစံမျိုးသာထွက်လာနိုင်မဲ့အချက်ရယ်ဝိဥာဥ်ခေါ်ယူပွဲအခမ်းအနားမှာသူနိုးထလာခဲ့တဲ့အချက်တွေပေါင်းလိုက်ရင်လုံးဝပေါ်သွားလိမ့်မည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now